ပရိသတ်တွေက သစ္စာမရှိကြတော့ဘူးလို့ပြောလာတဲ့ သားကြီးက အခွေနှစ်ခွေထွက်ဖို့ပြင်ဆင်နေကြောင်းဖွင့်ဟ

12714238_1707950362797208_1005469696_n.jpg

၆လပိုင်းမှာ အခွေသစ်တစ်ခွေနဲ့ နှစ်ကုန်ပိုင်းမှာ ဟစ်ဟော့ အခွေတစ်ခွေထွက်ဖို့ကို ကြိုးစားပုံဖော်နေတဲ့ သားကြီးက ချစ်သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားပြီဖြစ်သလို ချစ်သူများနေ့ကို တစ်ယောက်တည်းဖြတ်သန်းခဲ့တယ်လို့ပြောပြလာတာကြောင့်

-ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းဖြစ်လဲ။

လောလောဆယ် အသည်းကွဲထားတယ်ဆိုတော့ အသည်းကွဲ Valentine ‘s ၊ Single Valentine’s ပဲဖြတ်သန်းခဲ့တာပါ။ အရင်နှစ်တွေကလဲ စော်နဲ့မဖြတ်သန်းဖူးဘူး။ ဒီနှစ်လဲ Valentine’s နီးမှပြတ်သွားတယ်ဆိုတော့ မဖြတ်သန်းလိုက်ရဘူး။ ပရိသတ်တွေကို အွန်လိုင်းက သီချင်းဆိုပြရင်းနဲ့ပဲဖြတ်သန်းဖြစ်ပါတယ်။

-ချစ်သူနဲ့ကျတော့ရော ဘယ်လိုမျိုးပြတ်သွားတာလဲ။

နားလည်မှုမပေးနိုင်တာလား။ ဆက်တွဲဖို့ အင်အားမရှိတာလား။ ဘာကြောင့်လဲတော့ မသိဘူး။ ပြောရရင်တော့ ကျွန်တော့ဖက်ကထားခဲ့တာတော့ မဟုတ်ပါဘူး။ ကောင်မလေးက ဆက်ပြီးတော့ မသွားချင်တော့တဲ့အတွက် အဆုံးသတ်ခဲ့ရတာပါ။ ကိုယ့်ဖက်က အကုန်ပေးသော်ငြားလဲ သူ့ဖက်ကမယူတဲ့အတွက်ပြီးသွားခဲ့တယ်ပေါ့။ ဒါပါပဲ။

-၆လပိုင်းမှာ ထွက်မဲ့ အခွေအကြောင်းလေးကို သိချင်ပါတယ်။

၆လပိုင်းက ကျွန်တော်ဆိုနေကျ R&B သီးသန့် အခွေလေးပါပဲ။ ခါတိုင်းလုပ်နေကျပုံစံလေးကိုပဲ မြူဇစ်ရှင် ပိုဆန်လိမ့်မယ်လို့ ထင်တယ်။ မြူးဇစ်တွေ ကိုသေချာအသားပေးထားတဲ့ ပုံစံမျိုးတွေ ပါလိ့မ်မယ်။ မြူးဇစ်သီးသန့်ဖြစ်သွားလိမ့်မယ်။ မြန်မာပြည်ပရိသတ်နဲ့အဆင်ပြေစေမဲ့သီချင်းမျိုး၊ စိတ်အားရစေတဲ့သီချင်းမျိုးပါလိမ့်မယ်။ အချစ်အကြောင်းများမယ်။ ဒီအခွေလေးကတော့ Commercial အခွေပေါ့။ ပရိသတ်တွေနားထောင်လို့ရအောင် ဖန်တီးထားတဲ့အခွေလေးပါ။

-နှစ်ကုန်ပိုင်းမှာထွက်မဲ့ ဟစ်ဟော့အခွေအကြောင်းလဲသိချင်ပါတယ်။

Street အကြောင်းပါမယ်။ Life အကြောင်း ပါမယ်။  အချစ်အကြောင်းနည်းနည်း နည်းသွားမယ်။ ဒီအခွေလေးကို လုပ်ဖြစ်တာက ၀ါသနာအရ ကိုယ်ဘယ်လောက် Skill ရှိတယ်ဆိုတာကို ပြချင်လို့ လုပ်တာပါ။ အဲ့ဒါကြောင့် R&B အခွေနဲ့ taste ချင်းတော့ တူမှာ မဟုတ်ပါဘူး။

-အပုဒ်ရေကရော တစ်ခွေမှာဘယ်နှပုဒ်လောက်ထည့်ထားလဲ။

ထုံးစံအတိုင်းပဲ။ R&B အခွေမှာလဲ ၁၂ ပုဒ်၊ ဟစ်ဟော့အခွေမှာလဲ ၁၂ ပုဒ်၊ ၁၃ ပုဒ်လောက်ပဲ ပါပါမယ်။ အများကြီး မလုပ်ဘူးဆိုတာလဲ သီချင်းအများကြီးဆို အိုင်သွားမှာစိုးလို့ပါ။ နောက်ပြီးတော့ ဘိုကပြားအခွေက အမ်တီဗီ၃ပုဒ်ကို မရောင်းတော့ပဲ လက်ဆောင်အနေနဲ့ထည့်ပေးပါမယ်။ အရုပ်ကလဲ ကျွန်တော်က အများကြီး မရိုက်ဖြစ်ဘူးလေ။ အဲ့ဒါကြောင့်ပါ။

-တေးရေးအနေနဲ့ရော ဘယ်သူတွေပါဦးမလဲ။

R&B အခွေကတော့ တစ်ယောက်တည်းဖြစ်ဖို့များတယ်။ လောလောဆယ် ပြီးနေတဲ့ ၆ ပုဒ်လောက်က တစ်ယောက်တည်းပဲ။ ဟစ်ဟော့အခွေကတော့ ပါလိ့မ်မယ်။ သူများတွေကိုလဲအပ်ထားတယ်။ စိတ်ကြိုက်ရရင်တော့ ထည့်မယ်။ မရရင်တော့ မထည့်ဘူး။

-Featuring အနေနဲ့ရော ဘယ်သူတွေပါဦးမလဲ။

R&B အခွေမှာ ပါလဲ အသစ်နှစ်ယောက်လောက်ပါပဲ။ ဟစ်ဟော့ အခွေကျရင်တော့ ဟစ်ဟော့ Generation အက်ဆစ်ကစပြီး ကိုရန်ရန်ချန်း တို့လဲပါမယ်။ အခု Next Generation Lil’z တို့ X-box တို့ထိအများကြီးပါမယ်။ ကျွန်တော် အားလုံးကိုတော့ နီးမှပဲ လုပ်မယ်။ အခုလောလောဆယ်က R&B အခွေလေးကို အရင်ပြီးအောင်လုပ်နေပါတယ်။

-R&B အခွေမှာ ရေးထားတဲ့စာသားပိုင်းက ဘယ်လိုပုံစံမျိုးလေးတွေများမလဲ။

စိတ်ခံစားမှုဦးစားပေးတဲ့ဟာမျိုးလေးတွေပေါ့။ ဆိုကြပါစို့ အသည်းကွဲနေတဲ့ စိတ်ဓာတ်ကျနေတဲ့သူတွေကို ဖေးမတဲ့သီချင်းလေးတွေ ၊ ကိုယ်ကကောင်မလေးကို မျှော်လင့်နေတဲ့သီချင်းမျိုးလေးတွေပါမယ်။ အခုလို သစ္စာမရှိတဲ့ခေတ်ကြီး ထဲမှာ တစ်ယောက်ကို တစ်ယောက်သစ္စာရှိပြီး ချစ်နေကြတဲ့ သီချင်းမျိုးလေးတွေ ပါမယ်။ အဓိက အချစ်သီချင်းများမယ်ပေါ့ ။ နောက်တစ်ခုက မြူးဆစ်ပုံစံလေးတွေကိုအဆန်းလုပ်ထားတာလေးတွေပါမယ်။ ပရိသတ်ကြိုက်တာ၊ ပေါက်တာမပါက်တာထက် ကိုယ်ကြိုက်တဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေလုပ်ထားတယ်။ နိုင်ငံခြားကလိုပေါ့။ ပညာရှင်ကအရှေ့ကသွား၊ ပရိသတ်ကနောက်ကလိုက်အဲ့ဒီလိုပုံစံမျိုးတွေဖန်တီးထားတယ်။

-အခွေနှစ်ခွေလုံးကို ဖန်တီးမှုအပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးမျှခြေဖြစ်အောင်ကြိုးစားထားလဲ။

R&B အခွေကပရိသတ်အကြိုက်နဲ့ Commercial ဖြစ်မဲ့ သီချင်းပုံစံမျိုးလေးတွေပါမယ်။ ဟစ်ဟော့အခွေကတော့ ကိုယ့်အကြိုက်မဟုတ်ဘူး။ တကယ့်ကို Life နဲ့ပတ်သက်တာ၊ Street နဲ့ပတ်သက်တာတွေ ဘ၀အကြောင်းတွေများမယ်။ အချစ်အကြောင်းက ၂ ပုဒ်ဒါမှမဟုတ် ၃ပုဒ်အများဆုံးပါပဲ။

-နောက်တက်လူငယ်တွေအပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

ကလေးတွေကတော်ကြပါတယ်။ ကိုယ်တွေထက်တောင် ပိုတော်ကြတယ်။ ဒါပေမဲ့ အရမ်းတော်တိုင်းတတ်တိုင်းကျတော့ စိတ်ခံစားမှုအပိုင်းနဲ့ပတ်သက်ပြီး ပြောရတာတွေ အများကြီးရှိတယ်။ လူကြီးတွေအပေါ် လေးစားမှုလဲ မရှိကြတော့ဘူး။ အဲ့ဒါလေးတွေလဲ ကျွန်တော့်ဟစ်ဟော့ အခွေလေးထဲမှာပါပါမယ်။ ကလေးတွေအတွက် ဗဟုသုတသင်ခန်းစာရစေမဲ့ ပညာပေးလေးတွေလဲထည့်ထားပါတယ်။

-အစ်ကို့ကို ရှိုးဆိုတာ သိပ်မတွေ့ရဘူး။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လဲသိချင်ပါတယ်။

ကျွန်တော်က ရှိုးအရမ်းနည်းတယ်။ ကျွန်တော့ဟာကျွန်တော်အေးဆေးနေတာများတယ်။ ကျွန်တော့ကိုလာပြောရင် ဘယ်သူ့မဆိုအဆင်ပြေအောင် လုပ်ပေးတယ်။ လက်ရှိကတော့ First Music Agency နဲ့ပွဲလေးတွေဆိုတယ်။ Sat & sun ဆို Wedding ဆိုမယ်။ ကြားရက်တွေ အခွေလုပ်မယ်။ ဒါပါပဲ။

-အခုလုပ်နေတဲ့ အခွေနှစ်ခွေနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်တွေကို ဘယ်လိုပြောပြချင်လဲ။

ကျွန်တော်နောက်ပိုင်းစကားတွေ အများကြီးတော့ မပြောတတ်တော့ဘူး။ ကိုယ့်ဟာကိုယ်အေးဆေးပဲနေချင်တော့တယ်။ သီချင်းလုပ်စရာရှိတာ ရှိတယ်။ ပရိသတ်တွေကလဲ မယုံရဘူးဗျ။ ဒီတစ်ယောက်တက်လာရင် ၀ုန်းဝုန်းဝုန်းဝုန်းနဲ့ နောက်တစ်ယောက် တက်လာရင် ၀ုန်းဝုန်းဝုန်းဝုန်းနဲ့ပါသွားကြတာ များတယ်။ ပရိသတ်တွေကို ရိုင်းတာတော့မဟုတ်ဘူး။ ပရိသတ်တွေက သစ္စာမရှိကြတော့ဘူး။ ကိုယ့်ကို သစ္စာရှိနေတဲ့ ပရိသတ်လောက်နဲ့ကိုယ်လုပ်နေတဲ့ အနုပညာအပေါ်မှာ ပဲ သစ္စာထားတော့တယ်။ လူပုဂ္ဂိုလ်ပေါ်အစွဲမထားတော့ဘူး။ သီချင်းကောင်းကောင်းလုပ်ပြီး ကျွန်တော့်သမိုင်းအတွက် သီချင်းကောင်းကောင်းလေးတွေချန်ခဲ့မယ်။ ဒါပါပဲ။ ပိုက်ဆံလဲ မမက်ဘူး။ ကျွန်တော့ကိုတင်ကျွေးထားမဲ့ မိဘတွေရှိတယ်။ အေးအေးဆေးဆေးလေးပဲ ဘ၀ကိုဖြတ်သန်းချင်ပါတော့တယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.