ဆယ်လိုတိပ်နဲ့ မျက်နှာ ထုဆစ် ပုံဖော်မယ်

1452646233537.jpg

ဆယ်လိုတိပ်နဲ့ ကောက်ကြောင်းပုံဖော်နည်းက မိမိမျက်နှာအသွင်အပြင် သိသာပေါ်လွင်စေဖို့ နောက်ဆုံးပေါ် နည်းစနစ်ပဲ ဖြစ်ပါတယ်။ Kardashian ညီအစ်မများကြောင့် လူသိများခဲ့တဲ့ မိတ်ကပ်ပညာတစ်ခုဖြစ်သော ယင်းနည်းလမ်းဟာ ဒူဘိုင်းအခြေစိုက် မိတ်ကပ်ပညာရှင် Huda Kattan မှ ယင်းနည်းလမ်းနဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာ တင်ပြီးနောက် အင်တာနက်ပေါ်မှာ အရှိန်ဟုန်ဖြင့် ပျံ့နှံ့ရောက်ရှိ သွားခဲ့ပါတယ်။

ဒီနည်းလမ်းတွင် နှာခေါင်း၊ မေးရိုး၊ ပါးရိုးနဲ့ နာဖူးစတဲ့ မျက်နှာ တဝိုက် အလင်းမှန်ပုံကွက်များနဲ့ အရိပ်များ ဖန်တီးဖြစ်ပေါ်စေဖို့ ဆယ်လိုတိပ် အသုံးပြုထားပါတယ်။ ယင်းတိပ်တွေ ဖယ်ရှားလိုက်တာနဲ့ အကောင်းဆုံး မျက်နှာအသွင်အပြင်တွေ ရရှိလာမှာ ဖြစ်ပါတယ်။

လိုအပ်မယ့် ပစ္စည်းများ

ဆယ်လိုတိပ်အကောင်းစား တစ်လိပ်

ရောင်စုံမင်တံ၊ အစက်အပြောက်ဖုံး ခရင်မ် သို့မဟုတ် အညှိရောင်အမှုန့်

မိတ်ကပ်လိမ်း ဘရက်ရှပ် တစ်ခု

ပြုလုပ်ပုံ ပြုလုပ်နည်း

တိပ်ကို ပြတ်ယူပြီး မျက်နှာမှာ ကပ်ပေးရမှာ ဖြစ်ပါတယ်။

ကပ်လိုက်တဲ့ နေရာတွေဟာ နှာတံ၊ ပါးရိုးအပေါ်ဘက်ခြမ်း၊ နာဖူးနဲ့ မြေးရိုး အပါအဝင်  အသားပေးပေါ်လွင်စေချင်တဲ့ နေရာတွေ ဖြစ်ပါတယ်။

မျက်နှာ ဖုံးအုပ်ထားပြီးဆိုတာနဲ့ တိပ်များကြောင့် ဖြစ်ပေါ်တဲ့ မျဉ်းကြောင်းတွေကြား ရောင်စုံမင်တံကို အသုံးပြုပါ။

တိပ်တွေကို ဖြည်းဖြည်း ခွာထုတ်ပြီး ကောက်ကြောင်းတွေ ပေါင်းစပ်ဖို့ brush အကြီးကို သုံးပေးရပါမယ်။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.