သင့်လက်ပတ်နာရီ ဝင်းလက်လို့ ခြစ်ရာကင်းစေဖို့

img_8742.jpg

သင့်လက်ပတ်နာရီ ပြုပြင်ထိန်းသိမ်းဖို့ အပြင်ဆိုင်ပို့ရန် မလောပါနဲ့။ သင့်လက်ပတ်နာရီ ခြစ်ရာကင်းပြီး သန့်ပျံ့နေစေမယ့် ဆောင်ရွက်ပုံအဆင့်ဆင့် ရှိပါတယ်။

·         အဝတ်စ နူးနူးညံ့ညံ့လေးတစ်ခုဖြင့် ခြစ်ရာများပေါ် သွားတိုက်ဆေးနဲ့ တိုက်ချွတ်ပေးခြင်းက ပုံမှန်သန့်ရှင်းပေးဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

·         Stainless steel နာရီက ခြစ်ရာ ကြီးကြီးတွေ ဖယ်ရှားမယ်ဆိုရင် လက်သည်းအရောင်ချွတ်ဆေးဖြင့် ပွတ်တိုက်ပေးပါ။ ဒီနည်းက ခြစ်ရာများနဲ့ အပွန်းအပဲ့များ ဖယ်ရှားရာမှာ ထိရောက်စွာ ကူညီပေးပါတယ်။ လက်ဝတ်လက်စား သန့်စင်ပေးသည့် အဝတ်စလေး အသုံးပြုခြင်းက ခြစ်ရာအသေးအမွှားလေးတွေ ဖယ်ရှားပေးနိုင်ပါတယ်။ သို့သော် အနည်းကျဉ်း အပင်ပန်းခံ လုပ်ပေးဖို့တော့ လိုအပ်ပါလိ့မ်မယ်။

·         လက်ပတ်နာရီကြိုး သန့်ရှင်းနေစေရန်အတွက် ရေမစိုအောင် ဖြုတ်ထုတ်ပေးပါ။ သိပ်မပြင်းတဲ့ ဆပ်ပြာကို ရေရောပြီး ဖုန်အညစ်အကြေးတွေ ရှင်းလင်းဖို့ မိနစ်အနည်းငယ် စိမ်ပေးပါ။ နူးညံ့သော သွားတိုက်တံလေးတစ်ခုနဲ့ ကပ်တွယ်နေတဲ့ အညစ်အကြေး ရှင်းလင်းပြီး ရေပိုက်ခေါင်းအောက်တွင် ဆေးကြောသန့်စင် ပေးရပါမယ်။ ခြောက်အောင် ခဏထားပါ။ မျက်ခုံးခြယ်စုတ်တံလည်း အသုံးပြုနိုင်ပါတယ်။ ကြမ်းထော်တဲ့ သန့်ရှင်းရေး ကိရိယာများ အသုံးပြုခြင်းဖြင့် ပျက်စီးမှု ဖြစ်စေတာမို့ ရှောင်ကြဉ်ပါ။ သားရေကြိုးများအတွက် ရှာလကာရည်ကို ရေနဲ့ ရောစပ်အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။

·         ခလိုရင်းပါဝင်သော ရေ၊ ရေမွှေးတို့နဲ့ ဝေးဝေးထားပါ။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.