လောလောလတ်လတ် တက်တူးတစ်ခုအား ထိန်းသိမ်းစောင့်ရှောက်နည်းများ

how_to_heal_your_tattoo_1.jpg

တက်တူးတစ်ခု ရရှိပိုင်ဆိုင်ရတာ ဖော်ပြလို့ မရတဲ့ အံ့မခန်းဖွယ် ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ် ပေါ့ဆခြင်း၊ လျစ်လျုရှုထားခြင်းတို့က ခန္ဓာကိုယ်ပေါ်က အဲဒီချစ်စဖွယ် အမိုက်စား အနုပညာလက်ရာလေးကို ပျက်စီးစေပြီး အတိဒုက္ခကိုပါ ရောက်စေတတ်ပါတယ်။ တက်တူးထိုးလို့ ပြီးပြီဆိုတာနဲ့ တစ်ချို့တက်တူးဆရာတွေ ကပ်ပေးလိုက်လေ့ရှိတဲ့၊ပတ်စည်းပေးလိုက်လေ့ရှိတဲ့ ပလတ်စတစ်ကို ခွာချချင်စိတ်ကို ထိန်းထားပါ။ နောက် တက်တူးကို မိမိရဲ့ ညစ်ပစ်ပေရေနေတဲ့ လက်တွေနဲ့ ဘယ်တော့မှ မကိုင်ဖို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုပါတယ်။

Body Canvas တက်တူးစတိုဒီယို တွဲဖက်တည်ထောင်သူတွေ ဖြစ်ကြတဲ့ Vikas Malani နဲ့ Micky Malani တို့က လောလောလတ်လတ် ထိုးထားတဲ့ တက်တိုးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ခုလို မျှဝေပေးခဲ့ကြပါတယ်။

– တက်တူးအပြီးသတ်ပြီ ဆိုတာနဲ့ အပေါ်မှာ ပတ်စည်းထားတဲ့ ပလတ်စတစ် ဖွင့်ဖို့ မလောပါနဲ့။

– ပူးကပ်နေတဲ့ အဲဒီ အပတ်အစည်းလေး ဖယ်ရှားပြီးနောက် (အနည်းဆုံး ၂ နာရီကြာပြီးနောက်) ပျော့ပျောင်း အနံ့သင်းပြီး alcohol မပါတဲ့ ဆပ်ပြာ သို့မဟုတ် လက်ဆေးရည်ဖြင့် မိမိတက်တူးကို ညင်သာစွာ ဆေးကြောသန့်စင် ပေးရပါမယ်။ သွေး၊ အဆီပါသော လိမ်းဆေးနဲ့ မင်တွေကို ရှင်းလင်းဖို့ သပွတ်၊ ဘရက်ရှ်စတဲ့ကြမ်းတမ်းတဲ့ အရာတွေကို အသုံးမပြုပါနဲ့။

– တက်တူးကို ဆေးကြောပြီးနောက် တစ်သျှူးလေးနဲ့ ခြောက်အောင် တို့တို့ပေးပါ။ မပွတ်ပါနဲ့။ နောက်ပြီး ရေတွေခြောက်စေဖို့ ပုဝါကို မသုံးပါနဲ့။

– အသားရေစိုပြေစေဖို့အတွက် Nivea ခရင်မ် ပါးပါးလေးတစ်လွှာသာ လိမ်းပေးပါ။ ဒါမှမဟုတ် တက်တူးဆိုင်က ပေးလိုက်တဲ့ ခရင်မ်တစ်ခုခု လိမ်းထားလိုက်ပါ။ တက်တူးကို ဝင်းလက် တောက်ပစေပါလိမ့်မယ်။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.