တစ်ပတ်ခံ ဖုန်းဘက်ထရီ ပိုင်ဆိုင်ရန် ခြေတစ်လှမ်း ပိုမိုနီးကပ်လာ

mg_draining_batt_comp.png

အားပြန်သွင်းစရာမလိုဘဲ တစ်ပတ်ကြာခံမယ့် iPhone fuel cell ဖန်တီးပြုလုပ်နေပါတယ်လို့ ဗြိတိသျှကုမ္ပဏီ Intelligen Energy က အမည်မဖော် စမတ်ဖုန်း ကုမ္ပဏီတစ်ခုနဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက် အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

Intelligent Energy က hydrogen နဲ့ oxygen အသုံးပြုကာ လည်ပတ်မယ့် 'fuel cell' အသေးစား ပုံစံတစ်ခုပြုလုပ်ခဲ့ပြီး ယင်းမှာ iPhone 6 ကာဗာအတွင်း ရှေးပြေးပုံစံငယ်တစ်ခု ပါဝင်ပါတယ်။

ယင်း fuel cell မှာ oxygen နဲ့  hydrogen လောင်ကျွမ်းစေဖို့ သံမဏိပြားများနဲ့ လေအဝင်အထွက်ပြုနိုင်တဲ့ ပလတ်စတစ်ကို အသုံးပြုထားပါတယ်။ ကျောဘက်မှာလည်း ရေငွေ့ထုတ်ရန် လေဝင်လေထွက်အပေါက်သေးသေးလေးတွေ ပါဝင်ပါတယ်။

လျှပ်စစ်ဓာတ်အားဖြင့် အားပြန်ဖြည့်နည်းအစား သုံးစွဲသူများအနေဖြင့် အထူးပြင်ဆင်ပြုလုပ်ထားတဲ့ နားကြပ်ပေါက်မှတဆင့် hydrogen gas ဖြင့် အားပြန်ဖြည့်ရမှာပဲ ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီအနေနဲ့ စမတ်ဖုန်းကဲ့သို့ စက်ပစ္စည်းကိရိယာတွေ အားပြန်ဖြည့်ရန် အသုံးပြုနိုင်မယ့် ဟိုက်ဒရိုဂျင်လောင်ကျွမ်းစေမယ့် ပစ္စည်းကိရိယာ ပြုလုပ်ခဲ့ဖူးပေမယ့် စမတ်ဖုန်းတစ်လုံးထဲ ထည့်သွင်းနိုင်လောက်အောင် သေးငယ် တဲ့ cell ကိုတော့ အရင်က မပြုလုပ်ခဲ့ဖူးပါ။

ယင်း Fuel cell မှာ စမတ်ဖုန်းတစ်လုံးကို အားသွင်း ပလပ်တပ်စရာမလိုဘဲ တစ်ပတ်ကျော်ကြာ စွမ်းအင် ထိန်းသိမ်းနိုင်မယ့် အလားအလာရှိနေကြောင်း Intelligent Energy ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။ 

Ref: Metro 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.