တစ်ရက်တည်းဖြင့် နေပူဆာလှုံ ပက်လက်ကုလားထိုင်ကို ၃၁ မိနစ်ကြာအသုံးပြုပြီနောက် အရေပြားနေလောင်ဖုထသွားတဲ့ မော်ဒယ်လ်

zaynab-alkhatib.jpg

နေရောင်ခြည်လှုံ ပက်ဘက်ကုလားထိုင်ကို ၃၂ မိနစ်ကြာ အသုံးပြုခဲ့ပြီးနောက် အသားရေ နေလောင်ဖုထ ကျန် ခဲ့တယ်လို့ ဆွဲဆောင်မှုရှိသော မော်ဒယ်တစ်ဦးက ပြောပါတယ်။

အသက် ၃၀ အရွယ် Zaynab Alkhatib ဆိုသူဟာ Savannah High Tech Tanning shop မှာ ကျန်ခဲ့တဲ့အပတ်က 2 session စာ ဝင်ဆောင်ခ ပေးခဲ့တာပါ။

ယင်းမော်ဒယ်လ်ပြောဆိုတာက သူမအရေပြား နီမြန်းလာပြီး နေရောင်ခံ ပက်လက်ကုလားထိုင်ပေါ် လဲအိပ်ပြီး မကြာဘူး အရေပြားတွေ စတင်ကျိန်းစပ်လာခဲ့တယ်လို့ ဆိုပါတယ်။

အသားညိုအောင် နေရောင်ခံဝန်ဆောင်မှုဌာနက ဝန်ထမ်းများက သူမကို နေရောင်ခံ ပက်လက်ကုလားထိုင်ကို ကြာကြာ အသုံးမပြုဖို့ သတိပေးခဲ့ပါတယ်။ သူမရဲ့ နေလောင်ဖုထနေသော အသားရေကြောင့် မော်ဒယ်လ်အလုပ်တွေ လွတ်သွားကြောင်း သူမ ပြောဆိုခဲ့ပါတယ်။

တခြားသူတွေလည်း ဒီလိုမျိုး နေလောင်ခံရမှာ စိုးရိမ်မိတယ်လို့ Zaynab က ပြောဆိုခဲ့ပါတယ်။

အများဆုံး လုပ်ရန် အကြံပြုချက်ထားတာက ၁၂ မိနစ်ဝန်းကျင်ဖြစ်ပေမယ့် သူမယူတဲ့အချိန်က မိနစ် ၂၀ ဖြစ်ပါတယ်။

သူမ Savannah ကို တစ်နေ့ ၂ ကြိမ်သွားရောက်ပြီး အသားညိုအောင် နေလောင်ခံသည့်ဌာနက ဝန်ထမ်းများအား နှစ်ကြိမ်စလုံး နေလှုံပက်လက်ကုလားထိုင် အသုံးပြုခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထွက်လာတဲ့အခါ အသားတွေ ရဲပြီး ကျွမ်းနေခဲ့တယ်။ ကျွန်မ အထိုးခံခဲ့တယ်လို့ သူငယ်ချင်းတွေ ထင်ခဲ့ကြတယ်လေ။ နောက်ပြီး ဗိုက်တစ်ခုလုံးလည်း အရေပြားတွေ ခွာထွက်နေခဲ့တယ်လို့ သူမက  ပြောပါတယ်။

ဒီအဖြစ်က shooting တွေ ရပ်နားစေခဲ့ပါတယ်။ ဒီဟာကြောင့် တစ်ပတ်စာအလုပ်တွေ လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ အခုထိလည်း လုပ်လို့မရသေးဘူးလို့ သူမက ပြောပါတယ်။ ဗိုက်ကနေစပြီး ခြေဖျားထိပါ ဖြစ်လာပါတယ်။

နေပူဆာလှုံပက်လက်ကုလားထိုင်တွေမှာ အသားညိုနေလောင်မှု ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည် အသုံးပြုထားပါတယ်။

Public Health England က အလှအပဆိုင်ရာ အသားညိုအောင်နေရောင်ခံခြင်းအတွက် ယင်းပက်လက်ကုလားထိုင်တွေ အသုံးပြုခြင်းကို အားမပေးပါ။ ခရမ်းရောင်ခြည်နဲ့ ကြာကြာထိတွေ့ခြင်းက အရေပြား ကင်ဆာဖြစ်ပေါ်စေမှု အများဆုံး malignant melanoma အန္တရာယ် ဖြစ်ပွားမှု အန္တရာယ် များပြားစေပါတယ်။ 

Ref: Mirror

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.