အချိန်တစ်လခွဲတည်းနဲ့ ပြင်ဆင်ခဲ့ရတဲ့ Lil’z ရဲ့ အကယ်၍များ Solo Album ဖေဖော်ဝါရီ ၂၈ ထွက် ရှိ မယ်လို့သိရ

11019585_10204135129393941_3127804487473522481_n.jpg

ပရိသတ်တွေရဲ့မျှော်လင့်မှုနဲ့ ဘော်ဒါတွေရဲ့တောင်းဆိုမှုကြောင့် အချိန် တစ်လခွဲထဲနဲ့ ဖန်တီးဖြစ်သွားတဲ့ lil’z ရဲ့ဖေဖော်ဝါရီ ၂၈ မှာထွက်ရှိတော့မယ့် အကယ်၍များ Solo အယ်လ်ဘမ်နဲ့ပတ်သက်ပြီး သူ ပြောပြပေးသွားတာက "အမှန်အတိုင်းပြောရရင် အခွေက ထွက်သင့်နေတာ နည်းနည်းကြာပြီ။ ကြားထဲမှာ ကျွန်တော်လေလွင့်နေတာတွေလဲ ပါတယ်။ အသည်းကွဲနေတာတွေလဲပါတဲ့ အတွက်ကြောင့် သီချင်းဖက်ကို အာရုံမစိုက်ဖြစ်ဘူး။ အခုမှ ကျွန်တော့်ဘော်ဒါတွေဖြစ်တဲ့ ထက်ယံတို့အပါအ၀င် အကုန်လုံး ကမင်းရဲ့တစ်ကိုယ်တော်ခွေ ထွက်သင့်ပြီပြောတာနဲ့ ရှိတဲ့အချိန်လေးနဲ့ ရအောင် လုပ်ခဲ့တာပါ။ ကျွန်တော်အချိန် တစ်လခွဲထဲယူပြီး ပြင်ဆင်ဖန်တီးခဲ့ရတဲ့ အခွေလေးပါ။ ဒါပေမဲ့ ရှိတဲ့အချိန်နဲ့ရအောင်လုပ်ထားပေမဲ့ဖြစ်သလိုတော့ မလုပ်ထားပါဘူး။ တစ်ခွေလုံးကို ကျွန်တော့ စိတ်ကြိုက်ပဲ အကုန်လုပ်ထားတယ်။ သီချင်းအားလုံးပေါင်း ၉ပုဒ်ပဲ ထည့်ထားတယ်။ အချိန်အတိုင်း အတာကြောင့်လဲပါတယ်။ တစ်လခွဲထဲနဲ့လုပ်ခဲ့ရတာကိုး။ ဒီအခွေလုပ်နေတဲ့ အတောအတွင်းကျွန်တော် စတူဒီယိုအခန်းထဲက မထွက်ဖြစ်ဘူး။ ပိန်လဲ ပိန်သွားတယ်။ ညဖက်တွေဆိုလဲ သိပ်မအိပ်ဖြစ်ဘူး"တဲ့။

အခွေထဲမှာ ပါမယ့် သီချင်းအကြောင်းတွေကိုတော့ "ပရိသတ်သိပြီးသား ကမ္ဘာသုံးရည်းစားစကားဆိုတဲ့ သီချင်းကို Version ပြောင်းပြီး ပြန်ထည့်ထားတယ်။ အခွေ Title က အကယ်၍များ သီချင်းထဲမှာလဲ ပါတယ်။ ဆိုလိုချင်တာက အကယ်၍များ ဟစ်ဟော့သာ မရှိခဲ့ရင် အဲ့ဒီသီချင်းက ကျွန်တော့သီချင်း မဟုတ်ဘူး။ Jimmy Jacobs တို့Underground မှာလုပ်ခဲ့တဲ့ သီချင်းကို ကော်ရက်စ်ပြန်ယူပြီး ကျွန်တော့ဘ၀အကြောင်းပြန်ရေးထားတဲ့သီချင်းပါ။ ဟစ်ဟော့သာမရှိခဲ့ရင် ကျွန်တော်ဘာလုပ်နေမလဲဆိုတဲ့ အကြောင်းကို စိတ်ကူးယဉ်ပြီးရေးထားတာပါ။ ဟစ်ဟော့သာမရှိခဲ့ရင် ကျွန်တော်လမ်းဘေးရောက်နေမယ်ဆိုတဲ့ အကြောင်းလေးပေါ့။ တေးရေးတွေက ကျွန်တော်ဆိုတဲ့ အရာမှန်သမျှ ကျွန်တော်ရေးတယ်။ ကျန်တဲ့သူတွေက သူတို့ဟာသူတို့ရေးတယ်။ Featuring က ကိုဂျောက်ဂျက်၊ ကိုကျော်ထွဋ်ဆွေ၊ စာခြောက်ရုပ်၊ Jimmy Jacobs ၊ ထက်ယံရယ် နောက်တစ်ယောက်က မသေချာသေးဘူး။ ကျွန်တော့အခွေထဲမှာ ခုနကပြောသလိုပဲ။ ကျွန်တော်အပြင်မှာ ဘယ်လိုနေထိုင်သလဲ။ ကျွန်တော့်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိလဲဆိုတဲ့ အရာကို ကျွန်တော့်ရဲ့သီချင်းတွေထဲမှာ ထည့်ထားတယ်။ ကျွန်တော့်သီချင်းတွေက ကျွန်တော့်ရဲ့ real life က နေဦးလင်းကို ပုံဖော်နေတဲ့ သီချင်းတွေပါ။ ကျွန်တော်အဲ့ဒီထဲမှာ ဘယ်လိုသီချင်းအမျိုးအစားတွေပါလဲဆိုတော့ ဟစ်ဟော့ပြီးရင် ကျွန်တော်အကြိုက်ဆုံး မြူးဆစ်ကblue တို့ jazz တို့ကိုကြိုက်တယ်။ အဲ့ဒီထဲမှာ ကျွန်တော် Blue တို့ပုံစံမျိုး ကမ္ဘာသုံးရည်းစားစကားကို Version ပြောင်းပြီး ပြန်ထည့်ထားတယ်။ နောက်တစ်ခုက ကျွန်တော်တို့လူတွေက အတိတ်ကို မေ့ပစ်ခဲ့ကြတဲ့အရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အတိတ်မှာ အများကြီးကျန်ခဲ့တာတွေကို မေ့ပစ်တာတွေအများကြီးပဲ။ ဒါပေမဲ့ ကျွန်တော်က အတိတ်မှာကျန်ခဲ့တဲ့ ကောင်းတဲ့အရာလေးတွေကို ပြန်ပုံဖော်ချင်တယ်ဆိုတဲ့ အတွက်ကြောင့် ကျွန်တော့်ထဲမှာ အသစ်နဲ့ပတ်သက်တဲ့ အရာလေးတွေလဲပါတယ်။ ပြီးတော့ ကျွန်တော်ဖန်တီးချင်တဲ့အရာမျိုးနဲ့ဟစ်ဟော့နဲ့ကို ပေါင်းစပ်ထားတဲ့ပုံစံမျိုးတွေလဲ ပါမယ်။ ပြီးတော့နောက်တစ်ခုက Jimmy Jacobs တို့ရဲ့ အရူးစတိုင် ရူးသွပ်နေတဲ့ Track ပုံစံမျိုးတွေလဲပါမယ်။ ကျွန်တော်ကြိုက်တဲ့ blue ဖက်ကိုနွယ်ထားတဲ့ ပုံစံလေးတွေလဲ ပါမယ်။ သီချင်းတစ်ပုဒ်ရဲ့ထူးခြားမှုက အကြောင်းပြချက်ဆိုတဲ့သီချင်းလေးကို အရက်မူးပြီး ဆိုထားပါတယ်"လို့ lil’z ကပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.