ကြီးထွားဖွံ့ဖြိုးမှု ဟော်မုန်း လှုံ့ဆော်နှိုးဆွပေးသော အစားအစာများ

index.jpeg

လူ့ခန္ဓာကိုယ် ကြီးထွားမှု ဟော်မုန်းက ခန္ဓာကိုယ် ဖွဲ့စည်းမှုရဲ့ မရှိမဖြစ် အရာတစ်ခုဖြစ်ပါတယ်။ သူ့မှာ ဦးနှောက်ရှိ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုကို အကျိုးပြုသည့် ဟော်မုန်း ထုတ်ပေးသော ဂလင်းပါဝင်ပါတယ်။ ကလေးဘဝနဲ့ ကြီးဖော်ဝင်ချိန်မှာ ဒီဟော်မုန်းက အရပ်ကြီးထွားဖွံ့ဖြိုးလာစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။  အရွယ်ရောက်တဲ့အချိန်မှာလည်း ကိုယ်ခန္ဓာ ပိုမိုကျန်းမာသန်စွမ်းစေပါတယ်။

နာနတ်သီး

နာနတ်သီးမှာ သွေးသာဆန္ဒပြည့်စုံစေတဲ့ ဟော်မုန် serotonin ပေါကြွယ်ဝပါတယ်။ ကောင်းမွန်စွာ အိပ်ပျော်စေဖို့နဲ့ ယောက်ျားဟော်မုန်း အားပေးအားမြောက်ဖြစ်စေဖို့ရန်အတွက် နာနတ်သီးကို နေ့ဘက် စားပေးပါ။

ဗီတာမင် – ဒီ

University of Oslo မှ သိပ္ပံပညာရှင်များက ဗီတာမင်-ဒီ ချို့တဲ့ခြင်းက အမျိုးသားဟော်မုန်းပမာဟာ ကျဆင်းခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်ပေမယ့် ဆာလ်မွန်ငါးများက နေ့စဉ်လိုအပ်တဲ့ ၁၀၀ ဂရမ် ပမာဏထက် ၂၇၁% ရရှိစေပါတယ်။

အုန်းဆီ

ကြီးထွားဖွံ့ဖြိုးမှု ဟော်မုန်း အားပေးဖြစ်ပေါ်စေဖို့နဲ့ လေ့ကျင့်ခန်းလုပ်နေစဉ် ခုခံအား ပိုမိုကောင်းမွန်စေဖို့အတွက် သင့် Shake ထဲမှာ အုန်းဆီအနည်းငယ် အရင် ခပ်ထည့်ပေးပါ။

ဟင်းသီးဟင်းရွက်

လေ့ကျင့်ခန်းမတိုင်ခင် ဗိုက်ဆာတတ်ပါက အသီးအရွက်များ စားပေးပါ။ အသီးအရွက်တို့က စားသုံးပြီးနောက် ၁ နာရီအတွင်း ဟော်မုန်းပမာဏ မြင့်တက်စေပါတယ်။

အစိမ်းရောင် ပဲသီးများ

အစိမ်းရောင် ပဲသီးများက ကြွက်သား တည်ဆောက်ခြင်းအတွက် လိုအပ်တဲ့ ကြီးထွားဖွံ့ဖြိုးမှု ဟော်မုန်းကို  လှုံ့ဆော်ပေးပါတယ်။

အမဲသား

အမဲသားမှ ရတဲ့ ပရိုတိန်းများနဲ့ အထဲမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တို့က ကြီးထွားမှု ဟော်မုန်းများကို ၄ဆ လှုံ့ဆော်ဖြစ်ပေါ်စေပါတယ်။

Ref:healthyfoodstar

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.