၂၀ ရက်နေ့မှာ ထွက်ရှိမဲ့ နယူး Solo အယ်လ်ဘမ်နဲ့ ပရိသတ်အားပေးမှုကို အရယူမယ့် ထက်ယံ

12735576_1705970282995216_1046869182_n.jpg

4 Album အခွေရဲ့ တစ်စိတ်တစ်ဒေသ ပတ်သက်သူလို့ပြောလို့ရသလို Good Luck သီချင်းနဲ့လဲ အသည်းကွဲ ပရိသတ်တွေ လှိုက်လှိုက်လှဲလှဲအားပေးခြင်းခံရတဲ့ အဆိုတော်ကတော့ ထက်ယံပဲဖြစ်ပါတယ်။ ထက်ယံရဲ့ တစ်နှစ်ကျော်ကြာပြင်ဆင်ခဲ့တဲ့ နယူးဆိုတဲ့ Solo အယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ( ၁၀.၂.၁၆ ) ရက်နေ့ နေ့လည် ၃ နာရီမှ ၅ နာရီထိ Orchid Hotel မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

ပါဝင်တဲ့ သီချင်းအမျိုးအစားများအနေနဲ့ Hip Hop ၊ Rock ကိုအစစ်မဟုတ်ပေမဲ့ သူနဲ့လိုက်ဖက်တဲ့ သီချင်းများကို ထည့်ထားပြီး၊ အချစ်သီချင်းအေးအေးလေးတွေ နဲ့ မြူးဆစ်အစုံ ဖန်တီးထားတဲ့ အခွေတစ်ခွေလို့ပြောရင်လဲ မမှားပါဘူး။ Featuring တွေအနေနဲ့ ရဲလေး၊ ရဲရင့်အောင်၊ Lil ‘z နဲ့ X-box တို့ဖြစ်ပြီး X- box နဲ့တွဲဆိုထားတဲ့ သီချင်းကတော့ တေးရေး ရွှေဂျော်ဂျော်ရေးပေးထားတာပါတဲ့။ Lil’z နဲ့သီချင်းဆိုရင်ကိုတော့ MJN က စာခြောက်ရုပ်ရေးပေးတဲ့ သီချင်းကို ပြန်လည်ဆိုထားတယ်လို့သိရပါတယ်။

သီချင်းအားလုံးပေါင်း ၁၁ ပုဒ်ပါဝင်ပါတယ်။ အခွေနာမည်ကို အသစ်လို့ ပေးရတဲ့အကြောင်းကတော့ "သီချင်းတွေ အားလုံးက ကျွန်တော့်ရဲ့ပုံစံအသစ်၊ အရင်ကသိခဲ့တဲ့ ပုံစံထပ်ပိုသစ်သွားအောင်ရယ်၊ အသစ်တစ်ယောက်အနေနဲ့လက်ခံသွားအောင်ရယ်၊ ကျွန်တော့ရဲ့ အခွေကလဲ အသစ်ဖြစ်တဲ့အတွက် နယူးလို့ပေးဖြစ်ပြီး နံပါတ်၁ မှာ အခွေကိုကြော်ငြာပြီး Support လုပ်တဲ့အနေနဲ့ သီချင်းလေး တစ်ပုဒ်ထည့်ထားပါတယ်။ အခွေလုပ်နေတဲ့အချိန်မှာလဲ ခံယူချက်အနေနဲ့ထိုးခဲ့တဲ့ တက်တူးတွေလဲ ရှိပါတယ.်။ အရည်အချင်းရှိအောင်လို့အောင်မြင်မှုနောက်ကလိုက်လာမယ်ဆိုတဲ့ တက်တူး၊ မွေးတဲ့ အချိန်အသက် ရှင်တဲ့အချိန် ၊ အဆိုတော် တစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်တဲ့ ပိုက်ဆံ၊ Respect ၊ ပါဝါတို့ကိုလဲ တက်တူးအနေနဲ့ ခန္ဒာကိုယ်ပေါ်မှာရေးထိုးထားပါသေးတယ်"တဲ့။

ပရိုမိုးရှင်းအနေနဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့လှည်းတန်း စင်တာမှာ ညနေ ၃ နာရီကနေ ၆ နာရီထိ လက်မှတ်ရေးထိုးသီဆိုဖျော်ဖြေမယ်မှာဖြစ်ပြီး လာရောက်ဝယ်ယူမဲ့ ပရိသတ်တွေအတွက် ထူးခြားဖွယ်ရာ အစီအစဉ်များကိုလဲ စီစဉ်ထားတယ်လို့သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.