အမေရိကန် တွေ နှပ်ချေးသုတ်လေ့ရှိတဲ့ နေရာများ

shutterstock_299604470.jpg

နှပ်ချေးသုတ်ရင် နေရာတိုင်းမှာ သုတ်လို့ရတာ မှန်ပေမယ့် တစ်ရှုးပေါ်မှာ သုတ်တာ အကောင်းဆုံးပဲလို့တော့ ပြောနေစရာမလိုပါဘူး။ Zicam ဆိုတဲ့အဖွဲ့ ရဲ့ကျေးဇူးနဲ့ ကျွန်ုပ်တို့ဟာ အမေရိကန်ပြည်ထောင်စုက အရွယ်ရောက်ပြီးသူတွေ ရဲ့  နှပ်ချေးသုတ်တတ်တဲ့ အလေ့အထ တွေအကြောင်း ဗဟုသုတ ရခဲ့ပြန်ပါပြီ။

သုတေသီတွေဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ နယူးယော့ခ် ၊ ချီကာဂို နဲ့ လော့အိန်ဂျလိစ် မြို့ တို့မှာနေထိုင်နေသော  အရွယ်ရောက်ပြီးသူ ၃၅၀၀ ခန့်ကို စစ်တမ်းကောက်ယူပြီး သူတို့ရဲ့  ချမ်းအေးတဲ့ အခါမှာ သက်သာအောင် လုပ်တတ်တဲ့ အမူအကျင့်တွေကို လေ့လာခဲ့ကြပါတယ်။ သူတို့တွေတွေ့ရှိခဲ့တာကတော့ လူတွေဟာ အေးလာတဲ့အခါမှာ တစ်စုံတစ်ယောက် နမ်း ဖို့အတွက် ရှောင်ကြဉ်လာကြသလို ၅၆ ရာခိုင်နှုန်းခန့် ကတော့ တွေ့ကရာ နေရာမှာ နှပ်ချေး သုတ်ဖို့လည်း ၀န်မလေးကြပါဘူး။

စစ်တမ်းကောက်ယူမှုရဲ့  ရလဒ်တွေကတော့ အရွယ်ရောက်ပြီးသူ ၃၅၀၀ ထဲမှာ ၃၉ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အ၀တ်တွေမှာ နှပ်ချေးသုတ် လေ့ရှိကြပြီး ၁၅ ရာခိုင်နှုန်းခန့်ကတော့ ထိုင်ခုံတွေမှာ နှပ်ချေးသုတ်တတ်ကြပါတယ်။ ၇ ရာခိုင်နှုန်းကတော့ ထူးဆန်းစွာ ၀န်ခံထားတာက သူတို့ဟာ ပြည်သူ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေရဲ့ ထိုင်ခုံတွေမှာပါ နှပ်ချေးသုတ်ကြပါတယ်တဲ့။

လော့အိန်ဂျလိစ်မြို့ ကတော့ အဆိုးဆုံးပါပဲ။ မြို့ မှာနေထိုင်တဲ့ အရွယ်ရောက်ပြီးသူ ၆၄ ရာခိုင်နှုန်းခန့်ဟာ နှပ်ချေးနှိုက်တတ်တဲ့ အကျင့်ရှိတယ်လို့ ၀န်ခံထားကြပါတယ်။ ဖီလယ်ဒဲဖီးယား ပြည်နယ်သားတွေကတော့ အတော်ဆုံးလူတွေပါပဲ။ အရွယ်ရောက်ပြီုးဖြစ်တဲ့ ဖီလယ်ဒဲဖီးယား ပြည်နယ်သား ၄၇ ရာခိုင်နှုန်းကတော့ သူတို့ဟာ တစ်ရှုးပေါ်မှာကလွဲပြီး ဘယ်နေရာမှာမှ နှပ်ချေးသုတ်လေ့ မရှိကြဘူးလို့ ဆိုထားပါတယ်။

Ref:womenshealthmag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.