ထမင်းကျက်အောင် မချက်ခဲ့လို့ အီတလီ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူကို တရားစွဲဆို

italian-man-sues-wife-for-not-cooking.jpg

ယုတ်မာမှုကြောင့် မဟုတ်ဘဲ အီတလီအမျိုးသမီးတစ်ဦး ထောင်ဒဏ်ကျခံရတော့မှာ ဖြစ်ပါတယ်။ Sonnino မြို့က အသက် ၄၀အရွယ် ယင်းအမျိုးသမီးဟာ အိမ်မှုလုပ်ငန်းများကို ကောင်းမွန်စွာ မစီမံတတ်ခြင်းကြောင့် ခင်ပွန်းဖြစ်သူရဲ့ တရားစွဲဆိုမှု ခံလျက်ရှိပါတယ်။ ခင်ပွန်းအကြိုက် မချက်ပြုတ်၊ မလျှော်ဖွတ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

သူမဟာ အသက် ၄၇ နှစ်အရွယ်အမျိုးသားကို ညစ်တီးညစ်ပတ် နေထိုင်စေပြီး သူမက ထမင်းကို ကျက်အောင် မချက်ပြုတ်ခဲ့လို့ အစားအစာများစွာကိုလည်း သူ လွှင့်ပစ်ခဲ့ရပါတယ်တဲ့။ အဆိုးဆုံးက အိပ်ခန်းအစား ထိုင်ခုံပေါ်မှာ အတင်းအိပ်စေကာ သူ့ကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ 

အဲဒီအမျိုးသမီးဟာ အောက်တိုဘာလအတွင်း တရားစီရင်ချက်ချတဲ့အခါ ထောင်ဒဏ် ၆ နှစ်ကျခံရမှာ ဖြစ်ပါတယ်။

ဒါဟာ အမျိုးသားတစ်ဦးမှ ဇနီးဖြစ်သူအား အဓိပ္ပါယ်မရှိသော အကြောင်းပြချက်နဲ့ တရားစွဲဆိုမှု ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အယ်လ်ယီးရီးယား အမျိုးသားတစ်ဦးက သူ့ရဲ့ အသစ်ချက်ချွတ် သတို့သမီး မိတ်ကပ်ထူထူခြယ်သကာ လှည့်ဖြားခဲ့ပြီးနောက် သူမကို psychological damages ဖြင့် ဒေါ်လာ ၂၀၀၀၀ တောင်းဆိုခဲ့ဖူးပါတယ်။

လက်ထပ်မှုမတိုင်ခင် မျက်နှာကို မိတ်ကပ်တွေ တင်လေ့ရှိတာကြောင့် လှည့်ဖြားခံခဲ့တာလို့ သူက ပြောဆိုခဲ့ပါတယ်။ မိတ်ကပ်မပါရင် မျက်နှာသွင်ပြင်က တခြားစီဖြစ်နေတော့ သူမကို သူခိုးတစ်ယောက်လို့တောင် ထင်မှတ်မှားခဲ့တယ်လို့ ဆိုပါတယ်။

လက်မထပ်ခင်တော့ သူမအရမ်းလှပပြီး စွဲဆောင်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်နေ့မနက် အိပ်ယာထပြီး သူမ မျက်နှာမှာ မိတ်ကပ်တွေဖျက်လိုက်တော့ သူမကို သူခိုးလား ဆိုပြီး လန့်ဖြန့်သွားတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

တရားရုံးရောက်ရှိသွားကြတဲ့အခါ ဒီအမျိုးသမီးများအနေဖြင့် ကွာရှင်းလက်မှတ်သာ ရွေးချယ်သွားကြမယ်လို့ သာမျှော်လင့်ရပါတယ်။

Ref: sheknows

678 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.