ကျောင်းသား/သူ ၉၂% က စာကို စာအုပ်နဲ့ ဖတ်ရှုတာမျိုးကိုသာ ပိုမိုနှစ်သက်သဘောကျဟု ဆို

girl-reading-book2.jpg

E-book တွေဟာ အဆင်ပြင်လွယ်ကူပြီး ကုန်ကျစရိတ် သက်သာကောင်းသက်သာနိုင်ပါတယ်။ ဒါပေမယ့် စက္ကူ စာအုပ်နေရာကို အစားထိုးဝင်လာမှာတော့ မဟုတ်ပါဘူး။ ဒါ အမေရိကန်တက္ကသိုလ်က ဘာသာဗေဒဆိုင်ရာ ပါမောက္ခ Naomi Baron က သူမရဲ့ စာအုပ်သစ် Words onscreen: The Fate of Reading in a Digital World အတွက်  ပြုလုပ်တဲ့ သုတေသန အစိတ်အပိုင်းတစ်ခုအဖြစ် တွေ့ရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။

သူမနဲ့ သူမမိတ်ဆွေ သုတေသီတွေက ဂျပန်၊ ဂျာမနီ၊ စလိုဗက်ကီးယားနဲ့ အမေရိကနိုင်ငံမှ တက္ကသိုလ်ကျောင်းသား/သူ အယောက် ၃၀၀ ကျော် စစ်တမ်းကောက်ယူပြီး ၉၂% က e-reader၊ laptop၊ phone နဲ့ tablet တို့ကို ဘေးဖယ်ကာ စက္ကူစာအုပ်နဲ့မှ စာကိုအလေးအနက် ဖတ်ရှုရတာ ပိုမိုသဘောကျ ကြိုက်နှစ်သက်ကြကြောင်း တွေ့ရှိခဲ့ပါတယ်။

စလိုဗက်ကီးယား ဒေတာအချက်အလက်ထဲမှာ hard copy နဲ့ စာဖတ်တာနဲ့ ပတ်သက်လို့ ဘာကိုသဘောအကျဆုံးလဲ မေးတဲ့အခါ ၁၀ ယောက်မှာ ၁ ယောက်က စာအုပ်ရဲ့ အနံ့အသက် လို့ ပြန်လည်ခဲ့တယ်လို့ Baron က New Republic နဲ့ အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။

ဆောင်းပါးစသဖြင့် အလွယ်ဖတ်ရှုခြင်းအတွက် screen က ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ပုံနှိပ်ထုတ်ဝေသူများအနေနဲ့ နည်းပညာနဲ့အတူ လုံးချင်းစာအုပ်များကြား အကျိုးသက်ရောက်စေမှုတွေ စူးစမ်းလေ့လာမှု ပြုလုပ်နေကြပါတယ်။ ဒါပေမယ့် စာအုပ်တွေက ကျောင်းသုံးစာအုပ်ကို ကျော်ပြီး အရောင်းရဆုံးအဖြစ် ဆက်လက် ရှိနေမယ့် သဘောရှိလို့ နေပါတယ်။

Baron ရဲ့ စာအုပ် Words Onscreen က စာဖတ်ခြင်းနဲ့ သင်ကြားမှုပုံစံပေါ် နည်းပညာရဲ့ အကျိုးသက်ရောက်မှုကို လေ့လာဖော်ထုတ်ထားပါတယ်။ 

Ref: NBC

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.