ပရိသတ်တွေ အားပေးတဲ့အတွက် Original Gangster ( 2 ) အမဲရောင်နယ်မြေ ရုပ်ရှင်ကားကြီး ထပ်မံရိုက်ကူးဖို့ ဖြစ်လာတဲ့အကြောင်း ပြောပြသွားတဲ့ သရုပ်ဆောင်များ

702794_1705380693054175_1044680503_n.jpg

လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ဗီဒီယိုဈေးကွက်မှာ ထိုးဖောက်အောင်မြင်ခဲ့တဲ့ Original Gangster ကားလေးဟာ ဒါရိုက်တာဂျိုး၊ မြင့်မြတ်၊ ယုန်လေး၊ ထူးခြား၊ ယုသန္တာတင်နဲ့ ပန်းအိတို့ပါဝင် သရုပ်ဆောင်ထားတဲ့ ဗီဒီယိုကားလေးပဲဖြစ်ပါတယ်။  ဗီဒီယိုဈေးကွက်မှာအောင်မြင်ခဲ့တာနဲ့အမျှ ယခုအခါမှာတော့  ပြုံးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ တတိယမြောက်ရုပ်ရှင် ကားကြီးအနေနဲ့  Original Gangster ( 2 ) အမဲရောင်နယ်မြေ ကိုရုပ်ရှင်ဇာတ်ကားကြီး ပြန်လည် ရိုက်ကူးထုတ်လုပ်ဖို့ကိုအားပေးလာတဲ့ အတွက် ဒီနေ့ဆိုရင် ရုပ်ရှင်ကားကြီးကို စီစဉ်ထုတ်လုပ်ဖို့အတွက်ဖြစ်လာခဲ့ပါပြီ။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးအခမ်းအနားနဲ့စာနယ်ဇင်းမိတ်ဆက်အခမ်းအနားကို ( ၁၀.၂.၁၆ ) ရက်နေ့ မနက် ( ၉း၃၀) မှ ( ၁၁း၃၀ ) ထိ New Ayeyar hotel မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ ၁၂ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာဖြစ်သလို ဒါရိုက်တာဂျိုး၊ မြင့်မြတ်၊ ယုန်လေး၊ ဇင်ဝိုင်း၊ ခင်လှိုင်၊ ယုသန္တာတင်၊ ပန်းအိ၊ အပြင် အထူးဧည့်သည်သရုပ်ဆောင်များအဖြစ် မင်းဦး၊ ထွန်းထွန်း၊ ထူးခြား၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ယွန်းမှီမှီကျော်၊ စိုးနန္ဒာကျော်နဲ့အတူ သရုပ်ဆောင်များစွာ ပါဝင်ဦးမှာဖြစ်ပါတယ်။

ထိုဇာတ်ကားနဲ့ပတ်သက်ပြီး ပါဝင်သရုပ်ဆောင်သူတို့ရဲ့ရင်တွင်းစကားသံများနဲ့ပတ်သက်ပြီး ယုန်လေးက "ဒီကားလေးလုပ်ဖြစ်တာကတော့ အပြင်မှာ အမြဲတမ်းတွဲနေကြ၊ သောင်းကျန်းနေကြလူငယ်တွေ ၊ မြင့်မြတ်တို့၊ ထူးခြားတို့ကိုဂျိုးတို့နဲ့ပေါင်းပြီးတော့ ကျွန်တော်တို့အစ်ကိုကြီးတွေရဲ့တကယ့်အဖြစ်အပျက်တွေကို ကျွန်တော်ဇာတ်လမ်းလေးရေးထားတာရှိပါတယ်။ နာမည်လေးတွေတော့ ရှောင်ထားတယ်။ ကျွန်တော့် အစ်ကိုတွေကို ခွင့်တောင်းပြီး Original Gangster ( 2 ) အနေနဲ့ပြန်လည် ဖန်တီးလိုက်တာပါ။ ပရိသတ်တွေလဲ အားပေးကြတဲ့အတွက် အတိုင်းအဆမသိ ၀မ်းသာပါတယ်။ ဘာ့ကြောင့် ဒီကားလေးကိုအားပေးတာလဲဆိုတော့ ဒီကားလေးဟာ တွေ့ဖူးနေကြ၊ ဘိန်းဖြူလဲတာမျိုးထက်ကို အပြင်ကို မရှိတာမျိုးကို စိတ်ကူးယဉ်ရိုက်ကူးတာထက်ကို အပြင်မှာတကယ်ရှိတဲ့ ဟာတွေ၊ ကျွန်တော့်အစ်ကိုတွေကလဲ နာမည်တွေကိုပေးသုံးထားတဲ့အတွက် အပြင်မှာ စုံစမ်းလိုက်ရင် ဘယ်သူဆိုတာ သိရမှာပါ။ အဲ့ဒါကြောင့် အပြင်မှာရှိတာတွေကို ရုပ်ရှင်အနေနဲ့ထည့်ရိုက်တာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုရတယ်လို့ထင်ပါတယ်။

ဒီမှာတော့ Team work ဆိုတော့ ဇာတ်လမ်းလဲ ကျွန်တော်ရေးပါတယ်။ ကျွန်တော့် သူငယ်ချင်းမြင့်မြတ်ကလဲ အောင်မြင်ပြီးသား၊ အိုက်တင်ကောင်းပြီးသားဖြစ်တဲ့အတွက်သူ့ကြောင့်လဲ ပရိသတ်တွေကဒီကားကိုအားပေးကြတာပါ။ ကိုဂျိုးရိုက်ချက်တွေကလဲ အရမ်းမိုက်တယ်။ စရိုက်ကတည်းကလဲ ( ၂ ) ဆက်ရိုက်ဖို့ကို အစီအစဉ်ရှိပါတယ်။ တော်တော်များများကလဲ Original Gangster ကို ရိုက်ချင်တယ်ပြောကြပြီးတော့မှ ကုန်ကျစရိတ်နဲ့ အန္တရာယ်များမှုကိုကြောက်ပြီးတော့မှ လျော်လျော်သွားကြတယ်ပေါ့။ ဒါကလဲ သူတို့ကိစ္စပါ။ ချစ်ကြိုက်ညားပဲအဆင့်မှီတယ်လို့ ထင်တဲ့ လူတန်းစားလို့ပဲ သုံးသပ်ပါတယ်။ အဲ့ဒီလိုနောက်ဆုတ်ရင်းနဲ့ပဲ ထပ်နောက်ဆုတ်မဲ့အချိန်မှာ ကျွန်တော်အစ်ကိုပြုံးက ကိုနိုင်ထွန်းကို အပူသွားကပ်ပါတယ်။ သူကလဲ ကျွန်တော့်ကိုနောက်ကားတွေ လုပ်ဖို့ရှိသေးတဲ့အတွက် မင်းလုပ်ချင်လဲ လုပ်ပေါ့ဆိုတာနဲ့ နောက်ကျွန်တော့်အစ်ကို ကိုစိန်ထွေးကို အကူအညီ သွားတောင်းတဲ့အတွက် ဒီကားလေးက ဒီလိုမျိုးလေးဖြစ်လာတာပါ။ ကျွန်တော်တို့လဲအကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ။ တကယ့်ကိုအန္တရယ်များတဲ့ ပင်လယ်ဝထိ ကျွန်တော်နဲ့မြင့်မြတ် အပင်ပန်းခံ ပြီးသွားရိုက်ကူးမှာပါ။"လို့ သူက ပြောပြသွားပါတယ်။

ဆက်လက်ပြီး မြင့်မြတ်ကလဲ "ကျွန်တော်တို့Original Gangster 2 ဖြစ်လာဖို့ကိုတော်တော်လေးကို အချိန်ယူပြီးကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့၁ တုန်းကလဲ ကျွန်တော်တို့ ညီအစ်ကိုတွေ တက်ညီလက်ညီနဲ့ကြိုးစားခဲ့တဲ့ အတွက် ပရိသတ်အရမ်းကို အားပေးခဲ့ပါတယ်။ အဲ့ဒီအတွက်လဲ အရမ်းကို ၀မ်းသာတိပီဖြစ်မိပါတယ်။ အခု ၂ ကိုလဲ ပရိသတ် အားပေးရကျိုးနပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်စေရမယ်လို့ ရဲရဲကြီးကို အာမခံပါတယ်"တဲ့။

ဒီကားနဲ့ ပတ်သက်ပြီး ယုသန္တာတင်က ယုအရင်ဆုံးပြောချင်တာက Original Gangstet 1 ကိုရိုက်ခဲ့တုန်းကဒီကားမှာပါဝင်တဲ့ ဒါရိုက်တာ ကိုဂျိုး၊ ကိုယုန်လေး၊ ကိုမြင့်မြတ်တို့အကုန်လုံးက ညီမကို ပထမဇာတ်ကားမှာတုန်းက ပါဝင်ခွင့်ပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက အစ်ကိုတွေရဲ့ကြိုးစားမှုနဲ့အောင်မြင်မှုရရှိခဲ့တဲ့အခါမှာလဲ ညီမအတွက် ပရိသတ်လက်ခံတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ရပါတယ်။ အခုနောက်ထပ် Original Gangster 2 ကို ရုပ်ရှင်အနေနဲ့ရိုက်တဲ့အခါမှာလဲ ညီမကိုဒီကားမှာဆက်လက်ပြီး ပါဝင်ခွင့်ပေးခဲ့တဲ့အတွက် ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေ၊ အစ်ကိုတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ပထမကားလေးက ပရိသတ် လက်ခံအားပေးခဲ့တဲ့အတွက် ဒုတိယတစ်ခေါက် ထပ်ရိုက်တဲ့ရုပ်ရှင်ကားကြီးဟာညီမတို့အားလုံးအတွက်ပိုပြီးတာဝန်ကြီးသွားပါတယ်။ တာဝန်ပိုရှိသွားပါတယ်။ ညီမကိုယ်တိုင် အရင်ကားထက်ပိုကြိုးစားမယ်"လို့ သူမက ဖွင့်ဟသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.