မိသားစုဝင် ဦးရေ နည်းပါးတဲ့ မိသားစုများမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ၃ နှစ်ခန့် ပိုပြီးအသက်ရှည်

autism_2.jpg

အမေရိကန် နိုင်ငံ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဖြစ်သူ Saifuddin Ahmed က မိသားစုဝင် ဦးရေနည်းပါး သေးငယ်တဲ့ မိသားစု(၄ ယောက် သို့ ၃ ယောက်)တွင် မွေးဖွားတဲ့ ကလေးငယ်တွေဟာ ဘ၀တလျှောက်လုံးမှာကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်များရရှိနိုင်တယ်လို့ ဆိုပါတယ်။

လေ့လာမှုအရ မိသားစု စီမံကိန်းများဟာ လူဦးရေများပြားတဲ့ နိုင်ငံတွေအတွက် လူဦးရေ မျှတစေဖို့ ရည်ရွယ်ပေမယ့်လည်း အဲ့ဒီစီမံကိန်းတွေဟာ လူတစ်ဦးချင်းအပေါ်တွင် ကျန်းမာရေးအကျိုးသက်ရောက်မှု များစွာရှိကြောင်းတွေ့ရှိခဲ့ကြပါတယ် ။သားဆက်ခြားနည်းအသုံးပြုကာ သားသမီးနည်းပါးတဲ့မိသားစုတွေမှာ မွေးဖွားလာတဲ့ သားသမီးများအပေါ် မိခင်မှ ဂရုစိုက်ပြုစုစောင့်ရှောက်နိုင်မှု နဲ့ အဟာရ လိုအပ်ချက်တို့ကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်တဲ့အပြင် ဖခင်ရဲ့ ငွေကြေးရှာဖွေရန်ကြိုးပမ်း အားထုတ်ရမှုတို့ကိုလည်း လျော့နည်းစေနိုင်ပါတယ်။

သားသမီးယူဖို့ အချိန် ကွာခြားခြင်းကြောင့် နောက်တစ်ဦးမမွေးမီ ကလေးတစ်ဦးအား အပြည့်အ၀စောင့်ရှောက်နိုင်မည့် အချိန်ပိုပေးနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ ဘ၀တစ်လျှောက်လုံမှာ ကျန်းမာရေးနဲ့ အသိစိတ်ဖွံ့ဖြိုးမှုတို့တွင် အလွန်အထောက်အကူပြုပါတယ်။ သားသမီးတွေအနေနဲ့ မောင်နှမ မများခြင်းကြောင့် မိဘတွေရဲ့ ဂရုစိုက် စောင့်ရှောက်မှု ၊နေရာထိုင်ခင်း၊အစားအစာ စသည်အားလုံးကို ခွဲဝေရရှိရန်မလိုဘဲ အပြည့်အ၀ရတာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ ကြီးပြင်းရခြင်းကြောင့်လည်း ငယ်ရွယ်စဉ် နှင့် အရွယ်ရောက်စဉ် သေဆုံးမှု နှစ်ခုစလုံးကို လျော့ကျစေခြင်း ဖြစ်ပါတယ်။

ဒီလေ့လာတွေ့ရှိချက်များမှာ ဖွံ့ဖြိုးဆဲနိုင်ငံ ၃၅ နိုင်ငံမှ ကောက်ယူရရှိတဲ့ စစ်တမ်းများပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး ယင်းကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် မိသားစုစီမံကိန်းဆိုင်ရာ ညီလာခံမှာ တင်ပြမှာဖြစ်ပါတယ်။

Ref:timesofindia.indiatimes
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.