စိုင်းစိုင်းရဲ့ Frenzo နဲ့ မထုတ်ဖြစ်တော့တဲ့ ဂျင် အယ်လ်မ်အပြည့်အစုံအကြောင်း အဆိုတော် G – Fatt ရှင်းပြ

12660197_1705380569720854_1336365632_n.jpg

၈ရက် ၈လ ၈ နာရီ ၊ တိမ်မျှင်ရောင် ကကြိုး ၊ တို့မြန်မာပြည် အစရှိတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့သူ G Fatt ရဲ့ ဂျင် တေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို ( ၉.၂.၁၆ ) ရက်နေ့ နေ့လည်က နယူးဧရာ ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ အချိန်အတော်ကြာပြင်ဆင်ခဲ့ရတဲ့ ဂျင် အယ်လ်ဘမ်နဲ့ပတ်သက်ပြီးတော့ G Fatt ပြောပြပေးသွားတာက "သီချင်းအပုဒ်ရေ ၁၃ ပုဒ်ထည့်ထားတယ်။ အွန်လိုင်းမှာပေါက် ခဲ့တဲ့ ပြည်ပသို့ပေးစာနဲ့လူသားသစ္စာ နှစ်ပုဒ်ပြန်ပါမယ်။ Featuring တွေကတော့ ကိုစိုင်း၊ G – Family ၊ j – Fire ၊ Ice Cold ၊ ရွယ်ရွယ် နဲ့ပြုံးမြသွင်တို့ပါ။ ရွယ်ရွယ်နဲ့ ပြုံးမြသွင်ဆိုတဲ့ အပုဒ်ကလွဲလို့ ကျန်တာတွေက Featuring ဆိုတဲ့သူတွေကသူတို့အပုဒ်အတွက် သူတို့ဟာ သူတို့ရေးပါတယ်။ အရင်က အွန်လိုင်းမှာပေါက်ခဲ့တဲ့ သီချင်း ပုံစံတွေနဲ့ နည်းနည်းကွဲထွက်အောင် ဖန်တီးထားပါတယ်"တဲ့။

ဂျင်ဆိုပြီး အခွေနာမည်ပေးဖြစ်ခဲ့တာကိုလည်း သူက  "တစ်လောကလုံးက ဂျင်၊ ကျွန်တော်က ဂျင်ပေါ်ကထုံးဆိုတဲ့ အဓိပ္ပါယ်နဲ့ပေးဖြစ်ခဲ့တာပါ။ ထုတ်လုပ်ရေးက Frenzo မဟုတ်တော့တာကတော့ နားလည်မှုလွဲနေကြတာပါ။ အဓိကကတော့ ကိုစိုင်းနဲ့ထုတ်မယ်ဆိုပြီး အစောကြီးကတည်းကဖြစ်တယ်။ အစ်ကိုနဲ့ကလဲ အဆက်အသွယ်မရ ဘူး။ ဒါပေမဲ့ ကျွန်တော့်အစ်ကိုကလဲ အစောကြီးကတည်းက သူ့အလုပ်တွေနဲ့သူရှုပ်နေတယ်။ နိုင်ငံခြားသွားတာနဲ့ ကားရိုက်တာနဲ့ ဆိုတော့လေ။ ကျွန်တော်ကလဲ တစ်ယောက်တည်းဖြစ်နေတော့ ကိုစိုင်းတို့က ငါတို့လုပ်ပေးမယ်။ လုပ်ဆိုပြီး လုပ်နေကြတဲ့ အချိန်မှာ ကျွန်တော့်အစ်ကိုကလဲ အလုပ်တွေ ရှုပ်နေတဲ့အချိန် အခုထုတ်ပေးတဲ့အစ်ကိုက G-Fatt ရလား။ ငါတို့ထုတ်ပေးရမလားဆိုတာနဲ့ကျွန်တော်လဲ ကိုစိုင်းကို အပူမကပ်ချင်တော့တာနဲ့ထုတ်ဖြစ်သွားတာပါ။ အဲ့ဒီတော့ ကိုစိုင်းကလဲရတယ်ဆိုတာနဲ့ ကျွန်တော်ထုတ်ဖြစ်သွားတယ်။ အခု ဖြန့်ချိရေးလဲ ချိတ်ပေးတယ်။ အားလုံးလဲ ကူညီပေးတယ်။ အေးအေးဆေးဆေးပါပဲ"လို့ ပြောသွားပါတယ်။

ဂျင်အခွေကို ၂၁ ရက်နေ့မှာစတင်ဖြန့်ချိမှာဖြစ်ပြီး  ပရိုမိုးရှင်းတွေကတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ Junction Square Outdoor ပရိုမိုးရှင်း ဧရိယာမှာ ညနေ ၄ နာရီကနေ ၆ နာရီထိဖြစ်ပြီး မန္တလေးကတော့ ၂၄ ရက်နေ့ မင်္ဂလာမန္တလေးမှာ ညနေ ၄ နာရီကနေ ၆နာရီထိ လက်မှတ်ရေးထိုး ရောင်းချပြီး ဖျော်ဖြေသီဆိုသွားမယ်လို့သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.