နီတာ ၊ D ဖြိုး ၊ ဆိုတေး တို့ သုံးယောက်ပါဝင်သီဆိုထားတဲ့ ရင်ဘတ်ထဲကအတိုင်း တေးအယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပပြီးစီး

12696094_1705388246386753_1707126621_n.jpg

အချိန်တစ်နှစ်နီးပါးယူပြီး ပြင်ဆင်ခဲ့ရတဲ့ တေးသံရှင် နီတာ ၊ D ဖြိုး ၊ ဆိုတေးတို့ရဲ့ ရင်ဘတ်ထဲကအတိုင်း တေးအယ်လ်ဘမ် မိတ်ဆက်ပွဲအခမ်းအနားကို ( ၈.၂.၁၆ ) ရက်နေ့ နေ့လည် ၃ နာရီကနေ ၅ နာရီထိ Orchid Hotel မှာ အနုပညာရှင်များစုံလင်စွာနဲ့သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့ပါတယ်။

ပါဝင်တဲ့ သီချင်းအမျိုးအစားများကတော့ Pop Rock နဲ့ R & B ဖြစ်ပြီး သီချင်းအားလုံးပေါင်း ၁၄  ပုဒ်ပါဝင်ပါတယ်။ တေးရေးများအနေနဲ့ သောမတ်စ်၊ စနို၊ ဆိုတေး၊ နီတာ၊ ဂျွန်ဟိန်း၊ တေဇာ၊ စောပိပိ၊ ဇင်ထွန်းပိုင်နဲ့G ဆိုင်းတို့ဖြစ်ပြီး နီတာရဲ့စတင်လှုံ့ဆော်မှုကြောင့် သုံးယောက်စုပြီး လုပ်ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါအခွေလေးကို ၁၁ ရက်နေ့မှာ ဘိုဘိုမြူးဆစ်မှ တစ်နိုင်ငံလုံး စတင်ဖြန့်ချိမှာဖြစ်ပြီး ပရိုမိုးရှင်းများကတော့ ( ၁၄.၂.၁၆ ) ရက်နေ့မှာ မန္တလေးမြို့၊ မင်္ဂလာမန္တလေးရှော့ပင်းမော၊ ( ၆.၃.၁၆) ရက်နေ့ နေ့လည် ၁ နာရီမှာ ရန်ကုန်မြို့ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကန်တော်မင်ပန်းခြံအတွင်းရှိ Happy World မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တဲ့အပြင် ၂၃.၃.၁၆  ရက်နေ့မှာလည်း ရန်ကုန်မြို့လှည်းတန်းစင်တာမှာ အနုပညာရှင်များစုံလင်စွာနဲ့ အမှတ်တရလက်မှတ်များ ရေးထိုးရောင်းချပြီး သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.