နောက်ကျောမှာ ဗုဒ္ဓဘာသာ ဆုတောင်းမှုနဲ့ဆိုင်တဲ့ တက်တူး အသစ် ၃ ခု ထပ်ထိုးလိုက်ပြန်တဲ့ ဂျိုလီ

0208-angie-inset2-810x960.jpg

ကမ္ဘာကျော် ဟောလီးဝုဒ် သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီတစ်ယောက် နောက်ကျော မှာ တက်တူး အသစ် ၃ ခု တိတိ ထပ်ထိုးလိုက်ပြန်ပါတယ်။ အသက် ၄၀ အရွယ် မင်းသမီး ဂျိုလီဟာ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ကမ္ဘောဒီးယား ကိုသွားရောက်ကာ တက်တူးအသစ် ၃ ခုကို ထိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတက်တူးအသစ်တွေကိုတော့ သူမရဲ့  ရုပ်ရှင်အသစ် “First They Killed My Father” ဇာတ်လမ်း ရဲ့  ရိုက်ကွင်းမှာ ပြသခဲ့တယ်လို့လည်း သိရပါတယ်။ ထို တက်တူးအသစ်လေးတွေဟာ သူမ ကျောမှာ အရင်ရှိခဲ့တဲ့ အင်းကွက် ဆန်ဆန် အမှတ်အသားမျိုးတွေပါပဲ။ ထို တက်တူး ၃ ခုရဲ့  အဓိပ္ပာယ်ကတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့  ငြိမ်းချမ်းရေး ၊ အချစ်နဲ့ မင်္ဂလာရှိခြင်း တို့အတွက် ဆုတောင်းမှုတွေ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ထို တက်တူးအသစ်တွေကတော့ သူမ နောက်ကျောမှာ ရှိထားပြီးသားဖြစ်တဲ့ ကမ္ဘောဒီးယား စာသားတွေနဲ့ “Know Your Rights” ဆိုတဲ့ စာသား တက်တူးတွေ အနားမှာပဲ ကပ်လျက် အနေအထားမျိုး တည်ရှိနေမှာ ဖြစ်ပါတယ်။
ဂျိုလီ လည်း အခြား တက်တူးချစ်သူတွေလိုပါပဲ။ အရေပြားပေါ်က ပန်းချီကို ချစ်မြတ်နိုးမှုဟာ နောက်ကျောမှာ အကန့်အသတ် မထားရှိခဲ့ပါဘူး။ သူမရဲ့ လက်မောင်း မှာလည်း သူမရဲ့ ကလေးတွေမွေးဖွားခဲ့တဲ့ နေရာတွေရဲ့  တည်နေရာပြ အမှတ်အသားတွေကို တက်တူးရေးထိုးထားပါတယ်။ Determination ဆိုတဲ့ အာရေဘီယန် စာသား နဲ့ XIII V MCMXL ဆိုတဲ့ ရိုမန် နံပါတ်တွေနဲ့ Tennessee Williams ရဲ့  အဆိုအမိန့် စာသားကိုလည်း ရေးထိုးထားသေးတယ်လို့ သိရပါတယ်။

Ref:toofab

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.