ရည်းစားဟောင်းကို အမြန်ဆုံး မေ့ဖျောက်နိုင်စေမယ့် နည်းလမ်းများ

jpeg-1.jpg

အချစ်ရေးတစ်ခုကနေ လမ်းခွဲပြတ်စဲခြင်းဟာ ဘယ်သူမှ ပေါ့ပေါ့ပါးပါး ခံစားရတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ သံယောဇဉ်ကြီးရင် ပိုခံစားရသလို ၊ တွဲလာတဲ့ အချိန်ကြာရင်လည်း ပိုခံစားရတာပါပဲ။ ဒါပေမယ့် ခံစားရတာကို အကြောင်းပြပြီး သူငယ်ချင်းတွေရှေ့ မှာ တရှုံ့ ရှုံ့ ငိုနေတာဟာ အဖြေမှန် မဟုတ်ပါဘူး။ အဆင်မပြေတော့လို့ လမ်းခွဲပြီးရင်တော့ မေ့လိုက်ဖို့ပဲ ကြိုးစားရတော့မှာပါ။ ရည်းစာဟောင်း ကို အမြန်ဆုံး မေ့ဖျောက် နိုင်ဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ မန္တန်တရားကို ကျင့်သုံးကြည့်ပါ

ထူးတော့ထူးဆန်းတာမှန်ပါတယ်။ ဒါပေမယ့် တစ်ကယ် အလုပ်ဖြစ်နိုင်ပါတယ်။ မန္တန်တရားဆိုတာ နေ့စဉ် ကိုယ့်ကိုကိုယ် စကားပြောရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ရယူတာပါ။ မယုံဘူးဆိုရင်တော့ နေ့စဉ် အိပ်ယာနိုးတာနဲ့ မှန်ရှေ့ မှာ ရပ်ပြီး ကိုယ့်ကိုကိုယ်စကားတွေ ပြောကြည့်လိုက်ပါ။

၂။ ပျော်ပျော်နေတတ်သူတွေနဲ့ လျှောက်လည်ပါ

သင်စိတ်ဓါတ်ကျနေတဲ့အချိန်မှာ ပျော်နေတဲ့သူတွေနဲ့ သွားလာနေခြင်းဟာ တန်ပြန် စိတ်အပြောင်းအလဲ ဖန်တီးလိုက်ခြင်းပါပဲ။ ဒီနည်းလမ်းအရ ပျော်နေသူတွေရဲ့  ပျော်ရွှင်မှုဟာ သင့်ဆီမှာ ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုကို သတိရသွားစေပါတယ်။ ဟက်ဟက်ပက်ပက် ရယ်မောတတ်သူတွေ နဲ့ပါဆိုရင် သင်ကိုယ်တိုင် စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာ သေချာပါတယ်။

၃။ အဆွေးသီချင်းတွေနားထောင်ပါ

အသဲကွဲချိန် အဆွေးသီချင်းနားထောင်ရင် ပိုပြီး လွမ်းဆွေးစေတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် သုတေသနတစ်ခုအရတော့ အဆွေးသီချင်းတွေဟာ လူတွေကို ပိုမို ပူဆွေးစေအောင် မလုပ်နိုင်ပါဘူး။ နားထောင်သူတွေရဲ့  ဦးနှောက်ဟာ အဆွေးသီချင်းနားထောင်လိုက်တဲ့အတွက် အတွေ့အကြုံ အသစ်တွေ ရလိုက်ပါတယ်။ အဲဒီအတွေ့အကြုံတွေကတော့ ခံစားချက်တွေကို ပုံမှန်လည်ပတ်စေပြီး အတွေးအမြင်တွေကို လှုံ့ဆော်ပေးပါတယ်။

၎။ ရည်းစားဟောင်းကို Unfriend နဲ့ Unfollow လုပ်လိုက်ပါ

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့  Brunel တက္ကသိုလ် သုတေသီတစ်ယောက်ဖြစ်တဲ့ Tara C.Marshall ရဲ့  ရှင်းပြချက်အရတော့ ရည်းစားဟောင်းကို Facebook မှာ သူငယ်ချင်းအဖြစ် ဆက်လက်ထားရှိသူတွေဟာ ရည်းစားဟောင်း သူငယ်ချင်းအဖြစ်ကနေ ဖယ်ရှားလိုက်သူတွေလောက် ပုဂ္ဂိုလ်ရေး ကြီးထွားလာမှု နည်းပါးပါတယ်။ ပြောချင်တာက ရှေ့ ဆက်ဖို့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက် ဖြစ်စေတာကိုပါ။ Facebook မှ မဟုတ်ပါဘူး။ လူမှု ကွန်ရက်အားလုံးမှာ သက်ရောက်မှုရှိပါတယ်။

၅။ ခေါင်းထဲက တမ်းတမ်းစွဲ ဖြစ်နေတဲ့ စိတ်ကို လစ်ခိုင်းလိုက်ပါ

လမ်းခွဲပြတ်စဲခြင်းရဲ့  အဆိုးဆုံး အပိုင်းဟာ တမ်းတမ်းစွဲဖြစ်နေတဲ့ စိတ်ပါ။ Huffington Post သတင်းဌာနမှာ ပညာရှင်တစ်ဦးဖြစ်တဲ့ Sheri Meyers က ရေးသားထားတာကတော့ သင့်ဦးနှောက်က တမ်းတမ်းစွဲအတွေးတွေစတင်နေပြီဆိုရင် ရပ် ဆိုတဲ့ စကားလုံးကို ကျင့်သုံးဖို့ပါတဲ့။ ဒီ စကားလုံးနဲ့ အဆင်မပြေရင် နောက်တစ်မျိုး ကြိုးစားကြည့်ပါ။ များနေပြီ ၊ တော်သင့်ပြီ စတာ တွေနဲ့ ဦးနှောက်ကို တားပါ။

၆။ အလုပ်မဖြစ်တဲ့ နည်းလမ်းတွေကို မှတ်ထားပါ ၊ အဆင်မပြေသေးဘူးဆိုရင် တစ်ခုချင်း ပြန်ကြိုးစားပါ

အဓိက က ရည်းစားဟောင်းကို မေ့လိုက်နိုင်ဖို့ပါ။ အပျင်းမကြီးပါနဲ့။ တစ်ကြိမ်မရရင် နောက်တစ်ကြိမ်ကြိုးစားပါ။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေလည်း အောင်မြင်မှု မရခင်မှာ အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးပါတယ်။

Ref:elitedaily
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.