အမေရိကမှာ အမျိုးသမီးတွေကြား သေနတ်ဝှက်ပိုက်ဆံအိတ် ခေတ်စားနေ

1454712855-gtm-73-tanzebra-action-cart-min-1024x1024.jpg

နောက်ဆုံးပေါ် လူကြိုက်အများဆုံး ဖက်ရှင်အိတ်လေးတွေက သားရေအသားနဲ့ တဖိတ်ဖိတ်တောက်နေတဲ့ အရောင်တွေအနဲ့အတူ တထူးတခြား ပေါင်းစပ်ပြုလုပ်ထားတာတွေလို့  ယူဆပါက သင်မှားသွားပါပြီ။ တကယ်တော့ လူကြိုက်အများဆုံးက သေနတ် ထည့်ဖွတ်ထားဖို့ ဖန်တီးပြုလုပ်တဲ့ထား ပိုက်ဆံအိတ်လို အိတ်မျိုးပဲ ဖြစ်ပါတယ်။

ဂူဂဲလ်ရဲ့ အဆိုအရ လူ ၇၄,၀၀၀ ခန့်ဟာ လစဉ် သေနတ်ဝှက်ပိုက်ဆံအိတ် ရှာဖွေဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒီအိတ်တွေဟာ အမေရိကနိုင်ငံ Calrolina မြောက်ပိုင်းမှာ လူကြိုက်အများဆုံးဖြစ်ပြီး Taxas၊ Ohio၊ Georgia နဲ့ Florida တို့က နောက်က အသီးသီးလိုက်ကြပါတယ်။

သေနတ်ထည့်သယ်တဲ့ ပိုက်ဆံအိတ်က လတ်တလော ခေတ်နေစားတဲ့ trend တစ်ခုဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဂူဂဲလ်ရေဒါမှာ ပထမဦးတက်လာပေါ်လာခဲ့ပေမယ့် Calfornia ပြည်နယ် San Bernardino မြို့မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပြီး သမ္မတ အိုဘားမားရဲ့ သေနတ်ရောင်းဝယ်မှုဆိုင်ရာ ကန့်သတ်ချက်တွေ ထုတ်ပြန်ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၂ လအတွင်း စိတ်ဝင်စားမှု အလွန်မြင့်တက်ခဲ့ပါတယ်။

သေနတ်ဝှက်ပိုက်ဆံအိတ်ကို ဂူဂဲလ်မှာ ရှာကြည့်ရာမှာ search engine က Coach နဲ့ Michael Kors တို့လို ဒီဇိုင်နာတွေဆီကနေ The Well Armed Woman၊ Gun Goddess နဲ့ Gun Tote’n Mamas စတဲ့ ဝက်ဘ်ဆိုဒ်အထိ ထွက်ပေါ်လာခဲ့ပါတယ်။ ယင်းအိတ်ပုံစံတွေက လက်ကိုင်အိတ်ကစ လွယ်အိတ်၊ ခါးချိတ်အိတ်အထိ အမျိုးအစား စုံစုံလင်လင်ရှိပါတယ်။

ခါးချိတ်အိတ် ပုံစံက သွတ်လက်ဖျတ်လတ်တဲ့ အမျိုးသမီးတွေအတွက် ဒီဇိုင်ဆွဲဖန်တီးပြုလုပ်ထားတာ လို့ သိရပြီး လက်ကိုင်သေနတ်အသေး၊ ကျည်ကပ် ၂ ခု နဲ့ ဖုန်းအတွက်တောင် အိတ်ကပ်များစွာ ပါဝင်တယ်လို့ သိရပါတယ်။ 

Ref: collegecandy

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.