နေကာမျက်မှန် ဝယ်မယ်ဆိုရင်

sunglasses-on-beach.jpg

နေကာမျက်မှန် တစ်လက်ဝယ်တာ ယုံကြည်ရသူတစ်ယောက်ယောက်ထံမှ အတည်ပြုချက်တစ်ခု လိုအပ်ပါတယ်။ နေကာမျက်မှန် ရွေးချယ်တဲ့အခါ အောက်ပါအချက်တို့ကို ခေါင်းထဲ ထည့်ထားရပါမယ်။

·         ကိုယ်နဲ့ အံကိုက်ကျတဲ့ တစ်ခုကို ရွေး၊ ခေါင်းကိုဖိညှပ်မထားဘဲ အလေးချိန်က နားရွက်နဲ့ နှာခေါင်းကြား မျှနေရပါမယ်။ မျက်တောင်တွေ frame သို့မဟုတ် lenses ကို မထိဘဲ နှာတံမှာ ချော်ဆင်း နေတာမျိုး မဖြစ်ပါစေနဲ့။

·         ခရမ်းလွန်ရောင်ခြည်ကာ (UV protection) မပါတာတွေကို ရှောင်ပါ။ မျက်မှန်အလှတပ်ဆင်ခြင်းက မျက်စိ ပိုမိုပျက်စီးစေပါတယ်။ Lens အနက်ရောင်တွေက အလင်းလျော့ချပေးလို့ သူငယ်အိမ် ပိုကျယ်လာစေပါတယ်။ ဒါကြောင့် UVA နဲ့ UVB ရောင်ခြည်ကာ မျက်မှန်တွေ တင်ဆင်ဖို့ မရှိမနေ လိုအပ်ပါတယ်။

·         သင့်တော်မှန်ကန်တဲ့ lenses ရွေးချယ်တတ်ဖို့ မဖြစ်မနေ လိုအပ်တယ်။ NXT polyurethane ဖြင့်ပြုလုပ်တဲ့ lens တွေက flexible ဖြစ်ပြီး ပေါ့ပါးကာ အထူးကြည်လင် ပြတ်သားမှု ရှိပါတယ်။ ဒါပေမယ့် တန်ဖိုးတော့ များပါလိမ့်မယ်။

·         မှန်ကန်တဲ့ lens အရောင်ကို ရွေးချယ်ပါ။ ဖက်ရှင်တစ်ခုဖြစ်ရုံတင်မက ကြည်လင်ပြတ်သားမှုနဲ့ ဆန့်ကျင်ဘက်အရောင်စေခြင်းနဲ့ အရောင်ကွဲပြားခြားနားမှုတွေလည်း ဖြစ်စေပါတယ်။ တချို့အရောင်တွေကို ပိုမိုကောင်းစွာ မြင်တွေ့စေပြီး အသုံးတည့်နိုင်ပေမယ့် ပြသနာတွေဖြစ်စေပြီး ရောင်ကွဲပြားခြားနားမှု ဖြစ်စေတတ်ပါတယ်။ ဥပမာ lens အနက်ရောင်က အလင်းကို လျော့ချပြီး နဂိုအရောင်တွေ ပုံမပျက်စေဘဲ အလင်းလျော့ပေးတဲ့ အချိန်မှာ အညိုရောင် lens တို့က ဆန့်ကျင်ဘက် ပိုဖြစ်စေပြီး အပြာရောင်အလင်းတချို့ကို ဟန့်တားထားပါတယ်။

·         ဘဲဥပုံမျက်နှာပိုင်ရှင်များအတွက် အကောင်းဆုံးမျက်မှန်ပုံစံက လေးထောင့် ဖြစ်ပါတယ်။ မျက်နှာဝိုင်းသူများကျတော့ frame အဝိုင်းကို ရွေးချယ်သင့်ပါတယ်။

·         မျက်မှန်ကို မိမိမျက်နှာအရွယ်အစားပေါ်မူတည်ပြီး ရွေးချယ်ပါ။ 

Ref: Indiatimes 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.