ချစ်သူများနေ့မှာ စတင်ဖြန့်ချိမဲ့ အချစ်အကြောင်းပြောမယ် တေးအယ်လ်ဘမ် စာနယ်ဇင်း မိတ်ဆက်ပွဲ

12666278_1705040063088238_473278785_n.jpg

အိပ်မက်ဆုံရာ Season  ၆ ၊ ၇ ၊ ၈ အသီးသီးက တက်သစ်စ အဆိုတော် ၆ ယောက်ပါဝင်တဲ့ အချစ်အကြောင်းပြောမယ် တေးအယ်လ်ဘမ်မိတ်ဆက်ပွဲ အခမ်းအနားကို ( ၈.၂.၁၆ ) ရက်နေ့နေ့လည် ၁ နာရီမှ ၃ နာရီထိ Orchid Hotel မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

အဆိုတော်များအနေနဲ့ Leo ၊ လွန်းဇောင်း၊ Russell ၊ Lခေါန်ဇက်၊ Yuri၊ Lဂျာဆိုင်းပန် တို့ပါဝင်ပြီး တစ် ယောက်ကို နှစ်ပုဒ်နှုန်းအပါအ၀င် Group Song ၄ ပုဒ်ပါဝင်ပြီး အပုဒ်ရေ ၁၆ ပုဒ်ပါဝင်တဲ့ တေးအယ်လ်ဘမ်လေး ကို ပြင်ဆင်ချိန် ၂နှစ်နီးပါးကြာခဲ့ပါတယ်။ အခွေအတွက် Mian Sponsor အဖြစ် M – 150 က အဓိက ပံ့ပိုးကူညီပေးထားပြီး တေးရေးတွေကတော့ စောခူဆဲ၊ ဇ၀ါ၊ ခိုင်မြဲသာ၊ သားကြီး၊ ဂန်ဒီး၊ ဆလိုင်း နဲ့ သွန်းပူတို့ပဲဖြစ်ပါတယ်။

အဆိုပါအခွေလေးကို ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ၁၂ ရက်နေ့ ဒဂုံစင်တာ ကားပါကင် မှာ ညနေ ၄ နာရီကနေ ၆နာရီထိ လက်မှတ်ထိုးရောင်းချသွားမှာပါ။ ဒါ့အပြင် လာရောက်ဝယ်ယူတဲ့ ပရိသတ်တွေအတွက်လဲ အမှတ်တရ လက်ဆောင်တွေ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.