တစ်ခေတ်တစ်ယောက်ကို ဆယ်တန်းစာမေးပွဲအပြီးမှာ ထွက်ရှိမယ့်အကြောင်း ဖွင့်ဟသွားတဲ့ စိုးကြီး

12660324_1704968616428716_1034143068_n.jpg

ဖေဖော်ဝါရီ ၇ရက်နေ့မှာ လက်တွဲမဖြုတ်ကြေးဆိုတဲ့ အမ်တီဗီကို ပရိသတ်တွေကို အွန်လိုင်းကနေ အလကားပေးခဲ့တဲ့ စိုးကြီးက ဒုတိယတစ်ကိုယ်တော်ခွေဖြစ်တဲ့ တစ်ခေတ်တစ်ယောက်ဆိုတဲ့ Solo အယ်လ်ဘမ်ကိုတော့ ၃လပိုင်းမှာ ထွက်ရှိနိုင်အောင်ကြိုးစားနေတယ်လို့ ခုလို ဖွင့်ဟလာပါတယ်။

"တစ်ခေတ်တစ်ယောက်က တစ်ပုဒ် Mixing ဆွဲဖို့ကျန်နေသေးတဲ့အတွက် ရှေ့လကို အမှီထွက်နိုင်အောင်ကြိုးစားနေပါတယ်။ ၃လပိုင်း ဆယ်တန်းကလေးတွေ စာမေးပွဲပြီးတဲ့အချိန်ကို မှန်းထားတယ်။ တော်ကြာထပ်နောက်ဆုတ်ရင် သင်္ကြန်နဲ့ အရမ်းကပ်သွားမှာစိုးလို့ပါ။ သီချင်းအပုဒ်တွေ အားလုံးကို ပုံစံအသစ်တွေ လုပ်ထားတယ်။ တေးရေးတွေကတော့ ကျွန်တော်ဆိုတာမှန်သမျှက ကျွန်တော်ပဲရေးပါတယ်။ Featuring အနေနဲ့ကတော့ JR Soe ရယ်၊ X -Box ရယ်ပေါ့။ သူတို့ဆိုတဲ့ အပုဒ်တွေကိုတော့ သူတို့ပဲရေးပါတယ်။ ဒီအခွေကို ပထမခွေထက်ပိုပြီး အားရတယ်။ သီချင်းအရေအတွက်က ၁၂ ပုဒ် ပါတယ်။ တစ်ခေတ်တစ်ယောက် ဆိုတဲ့ သီချင်းလဲပါပါတယ်။ အဲ့ဒီသီချင်းလေးက ပရိသတ်အတွက် လူတစ်ယောက်ဆိုတဲ့ အဓိပ္ပါယ်နဲ့ရေးစပ်ထားတာပါ။"လို့ သူက ပြောပြသွားပါတယ်။

လက်ရှိမှာ လုပ်ဖြစ်နေတဲ့ ဂီတလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့လဲ စိုးကြီးက "လက်ရှိက ဒီအခွေကြီးထွက်ဖို့ လုပ်နေတယ်။ တင်မယ်။ နောက်စည်းလုံးရေးလဲ အမ်တီဗီရိုက်ထားတာပြီးနေပြီ။ အဲ့ဒါလေးလဲတင်ပေးမယ်။ အဲ့ဒါလေးတွေက အခုထွက်မဲ့ အခွေသစ်ထဲမှာပါတဲ့ သီချင်းတွေ။ အဲ့ဒါတွေကို အမ်တီဗီရိုက်ပြီး အခွေမထွက်ခင်မှာ ပရိုမိုးရှင်းအနေနဲ့ ပရိသတ်ကိုပေးတာပါ။ နောက်ပြီး အခုလာအပ်ထားတဲ့ သူတွေကို သီချင်းတွေရေးပေးနေတယ်။ ကြော်ငြာက daddy – b Clothing ပါ။ Brand အသစ်တစ်ခုပေါ့။ မြန်မာနိုင်ငံကနေ ထုတ်ထားတဲ့ Brand ပါပဲ။ အဲ့ဒါလေးကို ကြော်ငြာအစီအစဉ်လေးတွေ ရိုက်နေပါတယ်" တဲ့။

မကြာသေးခင်က အချစ်သစ်ရသွားတဲ့ စိုးကြီးက သူ့အချစ်ရေးအကြောင်းကိုတော့ "ကျွန်တော့ အချစ်ရေးနဲ့ပတ်သက်ပြီး ကျွန်တော့ကိုစိတ်ဝင်စားတဲ့ပရိသတ်ကအကုန်သိပါတယ်။ ကျွန်တော့ကိုချစ်တဲ့ ၊ ကျွန်တော့ကိုအားပေးတဲ့ ၊ ကျွန်တော့်အကြောင်းကို စိတ်ဝင်စားတဲ့ ပရိသတ် အကုန်သိပါတယ်။ အချစ်ရေးကိုလဲ မဖုံးကွယ်ထားပါဘူး။ ပရိသတ်ကို အမြဲအသိပေးဖြစ်ပါတယ်"လို့ ပြောပြသွားပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.