အနုပညာလောကမှာ လျှောက်လှမ်းခဲ့တဲ့ သက်တမ်းက ကြာမြင့်ခဲ့သလို ပရိသတ်လဲ လက်ခံပြီးသားဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ကတော့ ဟာသတွေနဲ့ ပရိသတ်အကြိုက်လိုက်ပြီး သရုပ်ဆောင်နေတဲ့ မင်းသားဖြိုးငွေစိုးပဲဖြစ်ပါတယ်။ အခုဒါရိုက်တာသိန်းဟန်(ဖီးနစ်) ရိုက်ကူးပုံဖော်နေတဲ့ ပျော်ရွှင်ခြင်းလက်ဆောင်ဆိုတဲ့ ဇာတ်ကားလေးမှာ မင်းသမီး ၀ိုင်းစုခိုင်သိန်း နဲ့ တွဲဖက်သရုပ်ဆောင်နေတာမို့ သူနဲ့တွေ့တုန်း အကယ်ဒမီပေးပွဲအကြောင်း မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘အကယ်ဒမီနဲ့ပတ်သတ်ပြီးတော့လဲ ဒီနှစ်အကယ်ဒမီက ထူးချွန်တဲ့သူတွေရကြမှာပါ။ အကယ်ဒမီနဲ့ပတ်သတ်တဲ့ခံစားမှုကတော့ ကျွန်တော့်အတွက် ပျင်းစရာကြီးပါ’တဲ့။ ရင်ခုန်စရာဇာတ်ကားမရှိသလို ပွဲတက်ဖြစ်ဖို့တောင်မသေချာတဲ့ ဖြိုးငွေစိုးက နောက်ပိုင်းမှာ ဗီဒီယိုတွေပဲဆက်တိုက်ရိုက်ဖို့ရှိကြောင်းပြောပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။