၁၉ ရက်နေ့မှာ ထွက်ရှိမယ့် YAK အဖွဲ့ ရဲ့ မိန်းမ Rap ရူးတွေသီချင်းအယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပပြီးစီး

12714093_1704956083096636_70290069_n.jpg

လက်ရှိမှာ MTV World မှ ရိုက်ကူးထားတဲ့ မြန်မာအမျိုးသမီးတွေ သီချင်းအား သီဆိုထားသည့်YAK အဖွဲ့ဟာဆိုရင် ၂၀၀၅ ခုနှစ်မှ စတင်ကာ အတွဲခွေ ( ၆ ) ခွေမှာ ပါဝင်သီဆိုခဲ့ပြီး Solo အယ်လ်ဘမ်အနေနဲ့လည်း မိန်းမ Rap ရူးတွေ တေးအယ်လ်ဘမ်ကို ဟစ်ဟော့ပ်ဂီတကို ရူးသွပ်သူတွေရဲ့ လက်ထဲကို မကြာခင် အပ်နှင်းနိုင်တော့မှာ ဖြစ်မှာပါ။ ဒီ မိန်းမ Rap ရူးတွေ အယ်လ်ဘမ်ဟာ သူတို့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ကို လွန်ခဲ့ လေးနှစ်ခန့်က လုပ်နေခဲ့တာလို့လည်း သိရပါတယ်။ ဒီအခွေကို ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ စတင်ဖြန့်ချိမှာမို့ ဒါနဲ့ပတ်သက်ပြီး စာနယ်ဇင်း မိတ်ဆက်ပွဲလေး ကျင်းပဖြစ်ခဲ့ပါတယ်။

အပြည့်အစုံတင်ပြရရင်ဖြင့် YAK အဖွဲ့ရဲ့ မိန်းမ Rap ရူးတွေ တေးအယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက် အခမ်းအနားကို ( ၆.၂.၁၆ ) ရက်နေ့ နေ့လည် ၁ နာရီမှ ၃နာရီထိ Orchid Hotel မှာ စာနယ်ဇင်းမီဒီယာအသီးသီးမှ ပုဂ္ဂိုလ်များ ၊ အနုပညာရှင်များ စုံညီစွာနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အယ်လ်ဘမ်မှာ တေးရေးအနေနဲ့ J me ၊ Cyclone ၊ Snare ၊ K – Cash ၊ Net Kyaw ၊ Lan Bar ၊ Spider ၊ Saw Ye Paing ၊ Tzin ၊ K Lar တို့ဖြစ်ပြီး Featuring အနေနဲ့ J me ၊ Cyclone ၊ K – Cash ၊ Net Kyaw ၊ Lan Bar ၊Spider နဲ့ Jewel တို့ပဲဖြစ်ပါတယ်။

အတီးပိုင်းကိုတော့ K.G.K ၊ ချမ်းအေးဝင်း၊ Gtone နဲ့Net Kyaw တို့ကတီးပေးထားပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ Myanmar Music Network ( MMN ) ကစတင်ဖြန့်ချိပေးမှာဖြစ်ပါတယ်။ သီချင်းအမျိုးအစားတွေအနေနဲ့ ဟစ်ဟော့ကိုမှ အကြမ်းတွေ ဖန်တီးထားပြီး ပရိသတ်အကြိုက်ထက် ကိုယ့်အကြိုက်တွေကိုယ် ဦးစားပေးလုပ်ထားတယ်လို့လဲသိရပါတယ်။ ပရိုမိုးရှင်းအနေနဲ့ကတော့ ၁၉ ရက်နေ့ ညနေ ၆ နာရီကနေ ၁၀ နာရီထိ ပြင်သစ် ယဉ်ကျေးမှုကျောင်းမှာ လက်မှတ်ထိုးရောင်းချသွားမယ်လို့သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.