လူနာတွေ ပြောပြတဲ့ ဝေဒနာကို နားထောင်ပေးကြပါ

when-doctors-dont-listen-to-women.jpeg

ဆိုးရွားတဲ့ နာကျင်မှုထက် ပိုဆိုးတဲ့ အရာဆိုတာ မရှိပါဘူး ။ ဒါပေမဲ့ ဒီ့ထက်ပိုဆိုးတာက ကိုယ်ဝေဒနာ ခံစားရတယ်လို့ ပြောတာကို ဘယ်သူမှ မယုံကြည်တာပါပဲ။ ကိုယ်ခန္ဓာနာကျင်မှုမှာ စိတ်ဒဏ်ရာ ထပ်ပေးလိုက်သလို ဖြစ်တာကြောင့် ပိုပြီး ခံစားရခက်ပါတယ်။ အထုးသဖြင့် ဆရာဝန်တွေက လူနာပြောတဲ့ ဝေဒနာတွေကို ယုံကြည်ပြီး အလေးထား နားထောင်ခြင်းမပြုဘဲ အပေါ်ယံ စစ်ဆေးမှုသာ လုပ်ခဲ့တဲ့အတွက် ရောဂါ အမည်တပ်မှားတာတွေဖြစ်လေ့ရှိပါတယ်။

သာမန်ရောဂါတစ်ခုအတွက် သိပ်မသိသာနိုင်ပေမဲ့ အချိန်နဲ့အမျှ အရေးပါတဲ့ ရောဂါမျိုးတွေမှာ ပေးဆပ်လိုက်မဲ့အရာက လူ့အသက်တစ်ချောင်းဖြစ်ပါတယ်။ ဒီလိုရောဂါနာမည်တပ်မှားတာကို ကြုံခဲ့ရတဲ့ သူတွေရဲ့ ပြောပြချက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁)ဇက်ကြောမျက်တာပါ

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျွန်မ ကားအက်ဆီးဒင့် တစ်ခုဖြစ်ပြီးနောက် လည်ပင်းနားက တော်တော်ကို နာနေတဲ့အတွက် ဆရာဝန်သွားပြတဲ့အခါ အကိုက်အခဲ ပျောက်ဆေးပေးပြီး ဇက်ကြောမျက်တာလေးပါ ။ကိုယ်က အလွန်အကျွံ ဖြစ်နေတာပါလို့ ပြောပြီး ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ လကြာပြီးနောက်မှာတော့ အရိုးနုပြား ၂ ခုက ကျောရိုးမကြီးထဲ ကျွံကျနေတာကြောင့် ကျောရိုးခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။

၂)လေပွတာပါ

ကွန်တော် အသက်၁၈ နှစ်မှာ ၀မ်းဗိုက်နေရာက စူးပြီး နာကျင်တဲ့အတွက် ဆေးခန်းသွားပြပါတယ်။ ဆရာဝန်က အစာပုံမှန်မစားလို့ လေမွှေတာလို့ပြောခဲ့ပါတယ်။ ဗိုက်နာတဲ့အကြိမ် အရေအတွက်များလာပြီး လနဲ့ချီပြီးမပျောက်နိုင်ဖြစ်နေတဲ့အတွက် ထပ်ပြီး စစ်ဆေးကြည့်တဲ့အခါသိခဲ့ရတာက သည်းခြေကျောက်တည်နေတာကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်ရဲ့ သည်းခြေအိတ်ကို ဖယ်ထုတ်ခဲ့ရပြီး ဒီ့ထက်ပိုကြာခဲ့ရင်ရောဂါ ပိုးဝင်ပြီး ကျောက်ကပ် ပျက်စီးသွားမှာ ဖြစ်ပါတယ်။

၃)ပုံမှန် နာကျင်မှုပါပဲ

ကျွန်မ ရာသီသွေးလာတဲ့အချိန်တိုင်း အရမ်းကို နာကျင်လေ့ရှိပါတယ်။ ဆရာဝန် နှစ်ယောက်နဲ့ ပြကြည့်တဲ့အခါ ရာသီလာတဲ့အခါ အမျိုးသမီးတိုင်း ဖြစ်တတ်တဲ့ ပုံမှန်နာကျင်မှုပါပဲလို့ ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ အဲ့ဒီလိုရက်မျိုးတွေမှာ ကျွန်မက ကျောင်းမသွားနိုင် ရုံးမတက်နိုင်တဲ့ အထိနာကျင်မှုကို ခံစားခဲ့ရပါတယ်။ ပိုဆိုးတာက ဆရာမတွေရော အလုပ်ရှင်တွေရောက ဒီရာသီသွေးကြောင့် ကျောင်းပျက် အလုပ်ပျက်လောက်စရာ လိုလို့လားဆိုပြီး မယုံသကာင်္ဖြစ်ခဲ့တာတွေ ကြုံခဲ့ရပါတယ်။နောက်ဆုံးမှာတော့ ဆရာဝန်တစ်ယောက်က အာထရာဆောင်းရိုက်ကြည့်ခိုင်းတဲ့အခါမှ ပြင်းထန်တဲ့ သားအိမ်ရေအိတ်ကြီးနေတဲ့ ရောဂါကို တွေ့ရှိခဲ့ပါတယ်။ ကျွန်မခံစားရတဲ့ ဝေဒနာကို ယုံကြည်ပေးနိုင်ဖို့ ဆယ်စုနှစ်တစ်စုနီးပါး စောင့်ခဲ့ရပါတယ်။

၎)စိတ်ထဲ ထင်ချင်ရာတွေ ထင်နေတာ။

ကျွန်မ သမီးလေးမွေးပြီး ၁ နှစ်အကြာမှာ ကျွန်မ အမြင်အာရုံတွေ မှုန်ဝါးလာပြီး အစက်အပြောက်တွေမြင်လာပါတယ်။ ကိုယ့်နှလုံးခုန်သံကို နားထဲကနေကြားနေရသလို ထူးဆန်းတဲ့ လက္ခဏာတွေလည်း ကြုံလာရပါတယ်။ ဆရာဝန်သွားပြတဲံအခါမှာ ကျွန်မဘယ်တော့မှ မမေ့နိုင်တဲ့ စကားတစ်ခွန်းကိုပြောခဲ့ပါတယ်။ ဒါတွေအားလုံးက ကိုယ့်စိတ်ထဲက ထင်ချင်တာတွေ ထင်နေတာ။ ကလေးဆန်နေတာကို ရပ်ပြီး အလုပ်ပြန်လုပ်ပါ။ ဘာရောဂါမှ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ကျွန်မ အလုပ်မှာ မိတ်ဆွေတစ်ယောက်ရဲ့ မျက်နှာကိုပဲ မြင်ရပြီး ကျန်တဲ့နေရာတွေကို မမြင်ရတော့တဲ့အတွက် ချက်ချင်းဆေးရုံသွားပြတဲ့အခါမှာ ဦးနှောက်အကြိတ်ယောင်ရောဂါဖြစ်နေတာတွေ့ရပါတယ်။ ကျွန်မ ဦးနှောက်အကြိတ်ခွဲစိတ်ခဲ့ရပြီး ဒီ့ထက်ပိုကြာခဲ့ရင် ကျွန်မ အမြင်အာရုံလုံးဝ ဆုံးရှုံးသွားစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

Ref:sheknows
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.