ဆံပင်ချည် တစ်မျှင်ကြောင့် ၁၉ ပတ်သားအရွယ် ကလေးငယ်တစ်ယောက် ခြေချောင်းပြတ်လုနီးပါးဖြစ်ပွားခဲ့

posgv8pzsw.jpg

Kenses ပြည်နယ်က Scott Walker နဲ့ ဇနီးဖြစ်သူတို့ဟာ  သူတို့ရဲ့၎လ အရွယ်သမီးငယ်လေး Molly က ဘာကြောင့် စူးစူးရှရှ ငိုနေရလဲဆိုတာ အစက မသိခဲ့ကြပါဘူး။ ကိုယ်အပူချိန်တွေ တက်လာပြီး မရပ်မနား ငိုနေတဲ့အချိန် ခြေအိတ်ကို ချွတ်ကြည့်မိတဲ့အချိန်ကျမှ ကလေးရဲ့ခြေချောင်းမှာ ဆံပင်ချည်တစ်မျှင်ရစ်ပတ်နေတာကို တွေ့ရှိခဲ့ပါတယ်။

စိတ်မကောင်းစရာကောင်းတာက မွေးကင်းစ ကလေးငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ ဆံပင်ချည်ရစ်ပတ်မှုကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ လက်ချောင်းနဲ့ ခြေချောင်းလေးတွေမှာ ဆံပင်ချည် (အပ်ချည်)လို အမျှင်တစ်ခုခု ရစ်ပတ်မိပြီး သွေးစီးဆင်းမှုကို ဖြတ်တောက်မိသလိုဖြစ်ရာက ရောဂါပိုးဝင်သွားခြင်းဖြစ်ပါတယ်။ အချိန်နည်းနည်းပိုကြာသွားခဲ့ရင်တော့ သွေးမစီးဆင်းတော့တဲ့အတွက် ပုပ်ပြီးပြတ်ကျသွားပါတတ်တဲ့ ရောဂါပါ။

သူတို့ဇနီးမောင်နှံက အရေးပေါ်ဆေးရုံကို ပို့ခဲ့ကြပြီး Molly ခြေထောက်က ဆံပင်ချည်ကို အန္တရာယ်ကင်းကင်း ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်ရဲ့ ခြေချောင်းမှာတော့ သေးငယ်တဲ့ အမာရွတ်တစ်ခု ကျန်နေခဲ့ပါတယ်။
အိမ်တစ်အိမ်ရဲ့ကြမ်းပြင်တစ်ခုမှာ ဘာအမှိုက်မှ မရှိဘဲ ပြောင်ရှင်းနေဖို့ဆိုတာ အမြဲမရှိနိုင်တဲ့အတွက် မိဘတွေအနေနဲ့ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ဒီလိုရောဂါကို ကာကွယ်နိုင်ဖို့ လိုက်နာရမယ့်အချက်လေးတွေရှိပါတယ်။

ကလေးတွေ အစာစားတဲ့နေရာ ၊ရေချိုးတဲ့နေရာ နဲ့ အ၀တ်လဲတဲ့နေရာတွေကို အမြဲဂရုတစိုက် စစ်ဆေးသင့်ပါတယ်။ ကလေးတွေရဲ့လက်ချောင်း ၊ခြေချောင်းတွေမှာ ခြေအိတ်၊လက်အိတ်တွေ ၀တ်ဆင်တဲ့အခါ အတွင်းပိုင်းမှာ ချည်စတွေ ထွက်နေတာ။ ဆံပင်ချည်တွေ ကပ်နေတာရှိ၊မရှိ  သေချာစွာကြည့်ရှုပြီးမှ ၀တ်ဆင်ပေးသင့်ပါတယ် လို့ ကလေးရဲ့ ဖခင်ဖြစ်သူက သတိပေးပြောကြားခဲ့ပါတယ်။

Ref:thestir.cafemom
 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.