ချစ်သူများနေ့မှာ တစ်ကိုယ်တည်း Single ဖြစ်နေခြင်းကြောင့် ကျန်းမာရေး ပိုမို ကောင်းမွန်လာနိုင်စေမယ့် အချက် ၅ ချက်

elitedaily-michela-ravasio-single-fun-800x400.jpg

ဖေဖော်ဝါရီ ၁၄ ရက်နဲ့ နီးကပ်လာတာနဲ့ အမျှ တစ်ကိုယ်တည်းသမား Single တွေဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်မချမ်းမသာ ဖြစ်နေရပါတယ်။ ဒါပေမယ့်လည်း ဗယ်လင်တိုင်းဒေးမှာ Single ဖြစ်နေခြင်းက ကျန်းမာရေးအတွက်တော့ ကောင်းမွန်စေနိုင်ပါတယ်။ သိပ္ပံပညာက Single ဘ၀ဟာ ကျန်းမာရေးအတွက် ဘာကြောင့် ကောင်းမွန်စေတာလည်းဆိုတာကို ရှင်းပြထားပါတယ်။

၁။ Single ဘ၀ဟာ အိပ်ချိန် ပိုရလာပါတယ်

၁၉၆၀ ခုနှစ်ပတ်ဝန်းကျင်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရ သိရှိခဲ့ဖူးတာက တစ်ယောက်ထဲ အိပ်စက်သူတွေဟာ အဖော်နဲ့ အိပ်စက်သူတွေထက် ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်ပြီး ညလယ်ခေါင်မှာ တစ်ရေးနိုးဖို့လည်း ၆၀ ရာခိုင်နှုန်း ပိုမို နည်းပါးနေတယ်ဆိုတာပါပဲ။ အိပ်စက်ခြင်းဆိုတာဟာ သင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အရာတစ်ခုပါ။

၂။ သူငယ်ချင်းတွေနဲ့ ပိုမို ရင်းနှီးလာပါတယ်

သိပ္ပံပညာအရတော့ လူမှုဆက်ဆံရေး အားကောင်းသူတွေဟာ အသက်ရှည်ပြီး ဖျားနာခြင်းလည်း နည်းပါးတယ်လို့ သိရပါတယ်။ အကယ်၍ သင်ဟာ တစ်ကိုယ်တည်းသမား တစ်ယောက်ဖြစ်နေတယ်ဆိုရင် သင်ဟာ သင့်သူငယ်ချင်းတွေနဲ့သာ အချိန်တွေကို ပိုမိုကုန်ဆုံး စေမိမှာပါ။ ဘော်စတွန် ကောလိပ်နဲ့ မန်ဆာချူးဆက် ပြည်နယ် တက္ကသိုလ် တို့က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ အိမ်ထောင်မကျဖူးသူတွေဟာ အိမ်ထောင်ရှိသူတွေထက် သူငယ်ချင်းများ ၊ အိမ်နီးချင်းများ ၊ မောင်နှမများနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတယ်လို့ သိရပါတယ်။

၃။ လေ့ကျင့်ခန်းလည်း ပိုမို လုပ်ဖြစ်လာစေပါတယ်

အမေရိကန်နိုင်ငံသား ၁၃၀၀၀ လောက်ကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ အိမ်ထောင်မကျဖူးသူတွေဟာ အခြား အချစ်ရေး ကဏ္ဍအသီးသီး(လက်ထပ်ပြီး ၊ ကွာရှင်း စသဖြင့်)မှာပါဝင်နေသူတွေထက် လေ့ကျင့်ခန်း ပိုလုပ်ဖြစ်တယ်ဆိုတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာဟာ ကျန်းမာရေးအတွက် ပျမ်းမျှအားဖြင့် ကောင်းမွန်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်စေပြီး သောကတွေကို နည်းပါးစေကာ ချစ်တင်းနှောရာမှာလည်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ရရှိစေပါတယ်။

၎။ တစ်ကိုယ်တည်းဘ၀က ကိုယ်ရည်စစ်သွားစေပါတယ်

သင့်မှာ အချစ်ရေး အခြေအနေအသစ်တစ်ခုရှိလာရင် ဘာတွေလုပ်ဖြစ်မယ်ဆိုတာကို တွေးကြည့်လိုက်ပါ။ သင်ဟာ စားမယ် ၊ လှဲလျောင်းမယ် ၊ ၀ိုင်(သို့) ယမကာ တစ်ခုခုသောက်ဖြစ်မယ် ၊ လုပ်ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော လေ့ကျင့်ခန်းကလည်း ချစ်တင်းနှောခြင်းသာ ဖြစ်နေပါလိမ့်မယ်။ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှု တစ်ခုအရတော့ လူဦးရေရဲ့  ၆၂ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဖူးစာဖက်နဲ့ ဆုံတွေ့ပြီးနောက်မှာ ပျမ်းမျှအားဖြင့် ၁၄ ပေါင်ခန့် အလေးချိန်တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၅။ Single တွေဟာ Couple တွေထက် စိတ်ချမ်းသာရပါတယ်။

စိတ်ချမ်းသာခြင်းဟာ ကျန်းမာရေးအတွက် အရေးပါပါတယ်။ အနည်းဆုံးတော့ Single တစ်ယောက်ဖြစ်နေတဲ့ သင်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကိုယ့်ချစ်သူရဲ့ နေအိမ်ကို ပန်းစည်းတွေ သယ်ဆောင် ပို့ပေးသူတွေကို ကြည့်ပြီး ယောကျာင်္းချင်း အားကျနေစရာ မလိုတော့ပါဘူး။

ဒါကြောင့် အချစ်ကို တန်ဖိုးထားပြီး ပျော်ဖို့ကောင်းတဲ့ အချစ်ရေးမျိုး ရှိတယ်ဆိုရင်တော့ ကောင်းပေမယ့် အဲဒီလို ဖြစ်လာနိုင်စရာမရှိရင်တော့ စောစောစီးစီး အဆုံးသတ်လိုက်ပါ။ စိတ်မချမ်းမြေ့ဖွယ် အချစ်ရေးတွေဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

Ref:elitedaily

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.