ကျန်းမာရေနဲ့ ညီညွတ်တဲ့ နေ့လည်နေခင်း အဆာပြေ အစားအစာများ

snacks-at-work.jpg

ရုံးတွေမှာ အလုပ်လုပ်ရင်း နေ့လည်နေ့ခင်း အဆာပြေအဖြစ် သုံးဆောင်ဖို့၊ သိမ်းထားဖို့လည်းအဆင်ပြေပြီး အာသာပြေစေရုံမက အာဟာရလည်း ဖြစ်နိုင်မယ့် ကျန်းမာရေးနဲ့  ညီညွတ်တဲ့ အစာပြေအစားအစာတချို့ဖော်ပြပေးလိုက်ပါတယ်။

မြေပဲ ထောပတ်လုံး (Peanut Butter Balls)

ပြင်ဆင်မှု သိပ်မလိုအပ်တာကြောင့် စားပွဲအံဆွဲထဲမှာ ထည့်သိမ်းထားလို့ ရတဲ့အရာဖြစ်ပါတယ်။ စားလို့လည်းကောင်းမွန်ပြီး ပရိုတိန်းဓာတ်ပါဝင်တာမို့ ဗိုက်လည်း ပြည့်စေပါတယ်။

၂။ ချောကလက်အမည်း (Dark Chocolate)

ပိုမိုတက်ကြွမှုဖြစ်စေပြီး သွေးပေါင်ကျစေသည့်အပြင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။  

၃။ ရေညှိ (Seaweed)

ရေညှိမှုန့်က ကယ်လိုရီနည်းတာလို့ အထူးကောင်းမွန်သော အစာပြေအဖြစ် ရွေးချယ်စားသုံးသင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ကယ်လိုရီနည်းပေမယ့် အရသာရှိပြီး အာသာပြေစေပါတယ်။

၎။ ကုလားပဲလှော် (Roasted Chick-peas)

အိမ်မှာ ကိုယ်တိုင်ပြုလုပ်ထားတာပဲဖြစ်ဖြစ်၊ ဆိုင်ကနေ အထုပ်နဲ့ ဝယ်ထားတဲ့ဟာပဲ ဖြစ်ဖြစ် ကုလားပဲလှော်ကို အစာပြေအဖြစ် စားသုံးဖို့ Wallington ပြည်နယ် New Jersey မြို့အခြေစိုက် အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင် Samantha Pappas က အကြံပြုထားပါတယ်။ အစာစားလိုစိတ်ကို ထိန်းသိမ်းပေးတဲ့ ပရိုတိန်းနဲ့ အမျှင်ဓာတ် ရရှိစေပါတယ်။

သစ်သီးများဖြင့် အခြောက်ပြုလုပ်ထားသည့်မုန့်များ

သစ်သီးများဖြင့် ကြွရွနေအောင် ပြုလုပ်ထားတဲ့ အစာပြေတွေဟာ မအားမလပ်ဖြစ်တဲ့အခါ သွားရင်းလာရင်း၊ အလုပ်လုပ်ကိုင်ရင်း သုံးဆောင်ဖို့ အဆင်ပြေကောင်းမွန်တဲ့ အစာပြေအစားအစာတစ်ခုဖြစ်ပါတယ်။ 

Ref: Womenshealthmag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.