သင့်အကြိုက်ဆုံး အိပ်စက်မှုပုံစံက ပြောပြနေတဲ့ သင့်အကြောင်း

infographic-1.jpg

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်တဲ့ အလေ့အကျင့် လုံးဝမတူကြပါဘူး။ ဒါပေမဲ့ လူတစ်ယောက်စီကတော့ တူညီတဲ့ ပုံစံတစ်မျိုးကို အချိန်ကြာကြာ အိပ်လေ့ရှိတဲ့အတွက် သူ့သဘာဝကို အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ သင်အကြိုက်နှစ်သက်ဆုံး အိပ်စက်မှုပုံစံကို ကြည့်ရင် သင်ဟာ ဘယ်လိုလုတစ်ယောက်လဲဆိုတာ ယေဘုယျ သိနိုင်ပါတယ်။

၁) ဘေးစောင်းအိပ်တဲ့သူ

သင်က စိတ်ပူတတ်ပြီး စကားနည်းတဲ့သူဖြစ်ပါတယ်။အထူးသဖြင့် ဗိုက်ထဲက သန္ဓေသားပုံစံခပ်ကွေးကွေး အိပ်တတ်တဲ့သူဆိုရင် ပိုပြီးသိသာပါတယ်။ အပြင်ပန်းအရ မာကြောတယ်လို့ထင်ရပေမဲ့ အတွင်းစိတ်မှာတော့ ရှက်ရွံ့တတ်ပြီး ထိခိုက်ခံစားလွယ်တတ်သူဖြစ်ပါတယ်။ ဆန့်ပြီး ဘေးစောင်းအိပ်တတ်သူဆိုရင်တော့ သူများကို အလွယ်တကူ ယုံကြည်တတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်တည်းနေ ရတာကို နှစ်သက်ပါလိမ့်မယ်။

၂)ပက်လက်အိပ်တတ်သူ

လက်တွေခြေတွေကို ဆန့်ပြီး ပက်လက်အိပ်တတ်သူဆိုရင်တော့ အနည်းငယ် မာကြောတဲ့သူဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းမျှော်လင့်ထားတဲ့သူဖြစ်တယ်။ စနစ်တကျ စီစဉ်ထားတဲ့အရာတွေ ပျက်စီးသွားတာကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ လက်တွေခြေတွေကို ကားပြီး အိပ်တတ်သူဆိုရင်တော့ ပွင့်လင်းပြီး ယုံကြည်မှုရှိတဲ့သူဖြစ်ပါတယ်။ စကားပြောရတာ နှစ်သက်ပြီး မိတ်ဆွေသစ်တွေ အတွေ့အကြုံသစ်တွေကို နှစ်သက်တဲ့သူဖြစ်ပါလိမ့်မယ်။

၃)မှောက်အိပ်တတ်တဲ့သူ

မှောက်အိပ်တတ်တဲ့သူတွေမှာ အရမ်းကို ပွင့်လင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ အရာရာကို စူးစမ်းလိုစိတ်ရှိပြီး စွန့်စားရတာကို သဘောကျပါတယ်။ဒါပေမဲ့ သင်က ပြောင်းလဲမှုကို မကြိုက်တတ်ဘဲ ကိုယ်လုပ်ခဲ့တဲ့ တစ်နေ့တာ အလုပ်တွေကို ပူပင်မှုလေးတွေ ဖြစ်လေ့ရှိတဲ့သူဖြစ်ပါတယ်။

 

Ref:shefinds
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.