အမေရိကန် ကျန်းမာရေးဌာနမှ အမျိုးသမီးများ အရက်သေစာ မသောက်ဖို့ အကြံပြုပြောဆို

gettyimages-551985589.jpg

အမေရိကနိုင်ငံ ကျန်းမာရေးဌာန Centers for Disease Control and Prevention ဟာ သန်းပေါင်းများစွာသော အမျိုးသမီးများ အရက်သေစာမသောက်ဖို့ ပြောဆိုပြီးနောက် ဒါဟာ လှောင်ပြောင်သရော်စရာ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

သူ့အကြံပြုချက်က ကိုယ်ဝန်ဆောင်နေစဉ် အရက်သောက်ခြင်းရဲ့ အသက်အန္တရာယ်ဖြစ်စေမှုပြသနာတွေ ဖြစ်ပါတယ်။ အရက်သေစာ ဘယ်လောက်ပမာဏဆိုရင် အန္တရာယ်ကင်းလဲဆိုတာ သိပ္ပံပညာရှင်များ ထောက်ခံ ချက်မပေးနိုင်တာကြောင့် ရှောင်ကြဉ်ရန် သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးခြင်း ဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ အရက် လုံးဝမသောက်သုံးရန် အကြံပြုထားပါတယ်။

Centers for Disease Control and Prevention လုပ်ခဲ့တာက ကလေးရနိုင်တဲ့အရွယ် ကျန်းကျန်းမာမာရှိတဲ့ အမျိုးသမီးများ မတော်တဆ ကိုယ်ဝန်ရလာတာမျိုး ဖြစ်ခဲ့သည်ရှိသော် တားဆေးမသုံးမပြုဘူးဆိုရင် အရက်မသောက်သင့်ကြောင်း ပြောပြခြင်းပင် ဖြစ်ပါတယ်။

အမေရိကန်အမျိုးသမီး ၃ မီလျံကျော်ဟာ အရက်သေစာသောက်စားခြင်း၊ တားဆေးမသုံးဘဲ လိင်ဆက်ဆံခြင်းနေကြခြင်းကြောင့် သူတို့ရဲ့ ဖွံ့ဖြိုးနေသောကလေးကို အရက်သေစာနဲ့ ထိတွေ့စေမှု အန္တရာယ်မှာ ရှိနေကြပါတယ်။

တစ်နည်းပြောရင် CDC က ၃ မီလျံသော အမေရိကန်အမျိုးသမီးများအား ကိုယ်ဝန်ရလိုရငြား အရက်မသောက်ဖို့ ပြောဆိုနေပုံ ရပါတယ်။

CDC က အမေရိကန်နိုင်ငံအတွင်း ကိုယ်ဝန်ဆောင်မှု ထက်ဝက်ဟာ ကြိုတင်စီစဉ်မှုမရှိဘဲ ရရှိတာ ဖြစ်ကြောင်းဖော်ပြပြောဆိုခြင်းဖြင့် သူ့အကြံပြုချက်ကို ရှင်းပြခဲ့ပါတယ်။

ကြိုတင်စီစဉ်ထားတောင် အမျိုးသမီးအများစုက သူတို့မှာ ကိုယ်ရှိမှန်း ၄-၅ ပတ် မပြည့်ခင်အထိ မသိကြဘူး လို့ ထပ်မံပြောဆိုထားပါတယ်။ 

Ref: metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.