တေလာဆွစ်ဖ်အိမ်ရှေ့  မှာ လှည့်လည်နေသူ မသင်္ကာဖွယ်အမျိုးသားကို ဖမ်းဆီး

020316-taylor-swift-stalker-wm-3.jpg

ရဲတွေဟာ ဗုဒ္ဓဟူးနေ့ကပဲ တေလာဆွစ်ဖ် ရဲ့ နေအိမ်ကို အသည်းအသန်ပြေးလာခဲ့ရပါတယ်။ လာရတဲ့အကြောင်းအရင်းကတော့ သံသယ ရှိဖွယ် အမျိုးသားတစ်ယောက်ဟာ တေလာဆွစ်ဖ် ရဲ့  နေအိမ် အပေါက်ဝ နားမှာ လှည့်လည်သွားလာနေခဲ့လို့ပါ။
 

လောအိန်ဂျလိစ် ရဲ တပ်ဖွဲ့ တွေဟာ ညနေခင်း ၄ နာရီလောက်မှာ ပဲ ထို သံသယရှိဖွယ် အမျိုးသား ကို အကျဉ်းထောင်ထဲ ဖမ်းချုပ်ထားခဲ့ရပါတယ်။ သက်ဆိုင်ရာ သတင်း အရင်းအမြစ်တွေရဲ့  ပြောကြားချက်အရ အိမ်နီးနားချင်းတွေဟာ တေလာဆွစ်ဖ်ရဲ့  နေအိမ်ရှေ့ မှာ လူတစ်ယောက် ကို မသင်္ကာဖွယ် တွေ့ရှိရတဲ့အတွက် ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 

TMZ သတင်းဌာနကတော့ ထိုအမျိုးသားကို လက်ထိပ်ခတ်ပြီး ရဲ ကားနဲ့ ခေါ်ဆောင်သွားခဲ့တဲ့ ဓါတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ဒါပေမယ့် ထိုအမျိုးသားဟာ တိုက်ခိုက်မှုလည်း မပြုလုပ်ခဲ့သလို အကြမ်းဖက်တဲ့ အမူအကျင့်ကို ဖော်ဆောင်တဲ့ လက္ခဏာလည်း မပြသခဲ့ပါဘူး။ အဲဒီအချိန်မှာ တေလာဆွစ်ဖ် တစ်ယောက် အိမ်မှာရှိနေသလား ဆိုတာတော့ အတိအကျမသိရသေးပါဘူး။
 

Ref:tmz

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.