Kanye နဲ့ Kim K တို့ရဲ့  နေအိမ်အသစ် မှာ Kanye ကိုယ်တိုင်ရေးဆွဲထားတဲ့ မှုတ်ဆေးလက်ရာ

0203-kim-kanye-love-graffiti-wm-6.jpg

Kim Kardashian နဲ့ Kanye West တို့ရဲ့  နေအိမ်အသစ် ကို လမ်းပေါ်က Tag ရေးထိုးသူ ဂရပ်ဖစ်တီပညာရှင် တွေလို့ ယူဆရသူတွေရဲ့  မှုတ်ဆေးလက်ရာတွေ ခြယ်သထားခဲ့မှုဟာ အိမ်နီးနားချင်းတွေနဲ့ လုံခြုံရေး ၀န်ထမ်းတွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမယ့် အိမ်ပိုင်ရှင် Kim နဲ့ Kanye တို့ ဇနီးမောင်နှံ ကတော့ ကျေနပ်နေတာကိုတွေ့ရပါတယ်။
 

ဘာကြောင့်ကျေနပ်နေရလဲဆိုရင်တော့ ဒါဟာ ဂရပ်ဖီတီ ပညာရှင်တွေနဲ့ မသက်ဆိုင်ပဲ Kanye West ကိုယ်တိုင် ခြယ်သ ထားတာ ဖြစ်နေလို့ပါ။ သတင်းအရင်းအမြစ်တွေရဲ့  ပြောပြချက်အရတော့ အိမ်နီးနားချင်းတွေဟာ Kanye နဲ့ Kim K ရဲ့ နေအိမ်ရှေ့ မှာ အသဲပုံတွေနဲ့ သူတို့ ၂ ယောက်နာမည်ရေးသား ခြယ်သ ထားမှုကို သတိထားမိခဲ့ပြီး Kim K တို့ မိသားစု ကို ဖုန်းတွေ ဆက်ပြီး အကြောင်းကြားခဲ့ကြတာပါ။
 

အိမ်နီးနားချင်း တွေအားလုံးကိုတော့ Kim Kardashian က အကြောင်းစုံရှင်းပြခဲ့ပါတယ်။ Kim K ရဲ့  ရှင်းပြချက်အရတော့ သူတို့လင်မယားဟာ ထိုနေအိမ် ဆောက်လုပ်မှု မပြီးစီးခင်ကတည်းက သွားရောက်ကြည့်ရှုခဲ့ပြီး အင်္ဂါနေ့ကပဲ အသဲပုံနဲ့ သူတို့နာမည်တွေကို မှုတ်ဆေး ခြယ်သခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 

သူတို့လင်မယားဟာ ထို မှုတ်ဆေးလက်ရာကို သဘောကျပေမယ့်လည်း အရမ်းတော့ မဟုတ်ခဲ့ပါဘူး။ ကြာသပတေးနေ့မှာတော့ အဲဒီအိမ်ဟာ ပြန်လည် ဆေးသုတ်ပြုပြင်မှာ ဖြစ်ပါတယ်။
 

Ref:tmz
 
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.