Lily Collins နဲ့ Nick Jonas တို့ ချိန်းတွေ့နေကြပြီလား

landscape-1454535882-nick-jonas-lily-collins-dating-020316.jpg

Kate Hudson နဲ့ပတ်သက်နေတယ်ဆိုပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလသတင်းတွေကို Nick Jonas က ခုချိန်မှာ လုံးဝ အဆုံးသတ်စေခဲ့ပါတယ်။ အခုတော့ Nick Jonas နောက်အသစ်တစ်ယောက်နဲ့ ချိန်းတွေ့နေတဲ့ ကောလာဟလသတင်းထဲမှာ နောက်ထပ် နာမည်ကြီးမင်းသမီးတစ်ယောက် ပါဝင်လာပါတယ်။

မကြာသေးမီက Nick Jonas နဲ့ Lily Collins တို့ အချင်းချင်းတွေ့ဆုံနေကြတယ်လို့ သိရပြီး Lily Collins ကို ပြီးခဲ့တဲ့လက လော့စ်အင်လ်ဂျယ်လစ်မြို့မှာ ၄င်းအဆိုတော်နဲ့အတူ အမှတ်မထင် တွေ့ရှိခဲ့တာဖြစ်ကြောင်း Us Weekly က ဖော်ပြထားပါတယ်။ သူတို့နှစ်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကယ်လ်လီဖိုးနီးယားနှင်းလျှောစီးအပန်းပြေစခန်းတစ်ခုမှာ စကိတ်အတူစီးနေကြကြောင်း သိရပါတယ်။ သို့ပေမယ့် Nick အနေနဲ့ Lily ကို တကယ် သဘောကျနှစ်သက်ပေမယ့် အချစ်ရေးနဲ့ ပတ်သက်ပြီး ဖော်ပြခွင့် မပြုခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုက အခိုင်အမာပြောဆိုထားပါတယ်။

ဒါ သူတို့အချစ်ရေးနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ Lily ရဲ့ ဖခင် Phil Collins အတွက် ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ "Nick Jonas ရဲ့ ပုံစံဘယ်လိုလဲဆိုတာတော့ မသေချာဘူး။ ဒါပေမယ့် နောက်နေ့တွေမှာ Lily က ကျွန်တော့်ကို ခေါ်ပြီး Mammoth တောင် နှင်းလျှောစီးစခန်းမှာ ရှိနေခဲ့တယ်။ ဒါတွေအားလုံး အဲဒီမှာ ဖြစ်တာပဲ။ "သမီး ဒီမှာ သူငယ်ချင်းတစ်ယောက်နဲ့ နေတာ။ ရိုးရိုးသူငယ်ချင်းပါ။ အပျော်သဘောသက်သက်ပါပဲ"လို့ သူမက သူ့ကို ပြောပြခဲ့ကြောင်း အဖေဖြစ်သူက The Insider ကို ပြောပြခဲ့ပါတယ်။ 

Ref: Cosmopolitan

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.