၂၈ နှစ်အတွင်း အီတလီနိုင်ငံ မြို့ငယ်လေးမှာ ပထမဆုံးကလေးမွေးဖွား

_87976616_ostana_1.jpg

အီတလီနိုင်ငံတောင်ပိုင်းရှိ မြို့ငယ်လေးတစ်ခုက ၁၉၈၀ ခုနှစ်ကတည်းက ပထမဦးဆုံး ကလေးတစ်ဦး လူ့လောကသို့ မွေးဖွားရောက်ရှိခြင်းပွဲကို ကျင်းပနေကြပါတယ်။

Piedmont ဒေသရဲ့တောင်တန်းတွေကြားမှာ တည်ရှိတဲ့ Osata မြို့ရဲ့ မြို့တော်ဝန်က လူသစ်ရောက်လာခြင်းဟာ ဒီလူမှုအဖွဲ့အစည်းလေးအတွက် အိမ်မက်တကယ်ဖြစ်ခြင်းပါပဲ လို့ ဆိုပါတယ်။ လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ယင်းဒေသဟာ လူဦးရေထိုးကျမှု ရှိခဲ့တဲ့မြို့လေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Turin ဆေးရုံမှာ မွေးတဲ့ မွေးကင်းစကလေး Pablo လေးက နေထိုင်သူအရေအတွက် ၈၅ ဦးထိရှိစေပါတယ်။ အဲဒီအနက် တစ်ဝက်ခန့်သာ အမြဲတမ်းနေထိုင်သူတွေ ဖြစ်ပါတယ်။

မြို့တော်ဝန် Giacomo Lombardo က လူ ၁,၀၀၀ က ၁၉၀၀ ခုနှစ်များက ဌာနေ Ostana လို့ ခေါ်ဆိုကြပေမယ့် ဒုတိယကမ္ဘာစစ်အပြီး မွေးဖွားနှုန်း စတင်ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။ တကယ့်ကျဆင်းမှုက ၁၉၇၅ မှာ စတင်ခဲ့ပြီး Pablo မမွေးခင်အချိန်ထိ နောက်ဆုံးမွေးဖွားတဲ့အချိန် ၁၉၇၆ နဲ့ ၁၉၈၇ ကြားမှာ ကလေးငယ် ၁၇ ယောက် ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

Ostana မြို့အနေနဲ့ လူဦးရေကျဆင်းမှုကို အလုပ်အကိုင်သစ်တွေ ဖန်တီးခြင်းဖြင့် ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ Pablo ရဲ့မိဘနှစ်ပါး Silva နဲ့ Jose တို့က နိုင်ငံရပ်ခြားသို့ရွေ့ပြောင်းဖို့ လွန်ခဲ့သော ၅ နှစ်က စီစဉ်ထားပြီး ဖြစ်ပေမယ့် အနီးနားရှိ တောင်မှာ နေထိုင်ခွင့်ရတဲ့အခါ လက်ရှိအတိုင်းပဲ နေထိုင်ခဲ့ကြပါတယ်။

အီတလီနိုင်ငံအနှံ့ရှိ မြို့ငယ်လေးတွေဟာ လူငယ်တွေ အလုပ်အကိုင် ရှာဖွေဖို့ ယင်းဒေသကို စွန့်ခွာခဲ့ကြတာကြောင့် လူဦးရေကျဆင်းမှု အသေအလဲ ရင်ဆိုင်နေကြရပါတယ်။ တချို့က အိမ်လွတ်တွေမှာ အခမဲ့ပေးနေခြင်းဖြင့် လူဦးရေကျဆင်းမှုကို တွန်းလှန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြို့တော်ဝန်ကတော့ လက်ရှိရှိနေတဲ့လူတွေ မဖျားမနာအောင် ကာကွယ်ခြင်းဖြင့် လက်ရှိလူဦးရေ မကျဆင်းစေဖို့ အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။

Ostana မှာ Pablo မွေးဖွားရောက်ရှိလာခြင်းကို ပါတီပွဲတစ်ခုနဲ့ အထိန်းအမှတ်ပြုလုပ်ကြပါတယ်။ 

Ref: BBC

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.