လက်သည်းအလှပုံဖော်ရတာ နှစ်ခြိုက်တဲ့ပျိုမေတွေအတွက် ဆောင်းရာသီမှာ ဘယ်လိုဒီဇိုင်းမျိုးလေးတွေ ခေတ်စားတယ်ဆိုတာကို ကြည့်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးတွေ ရွေးချယ် အလှဆင်နိုင်ကြပါစေနော်။
၁။ဆွယ်တာဒီဇိုင်းလေးအတိုင်း လက်သည်းကိုအလှဆင်
ဆောင်းတွင်းရောက်ပြီဆို ဆွယ်တာဒီဇိုင်းအမိုက်စားလေးတွေ ထွက်လာပြီနော်။ အဲ့ဒီဆွယ်တာဒီဇိုင်းတွေထဲက ဒီဇိုင်းတွေအတိုင်း လက်သည်းအလှဆင်ပုံဖော်ချင်သူတွေအတွက် ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်ပါလို့။
၂။ထူးခြားတဲ့ ဒီဇိုင်းမျိုးနဲ့ ခွဲထွက်ချင်တယ်ဆိုရင်
လက်နှစ်ဖက်စလုံး ပုံစံတစ်ခုတည်းနဲ့ အလှဆင်ရမှာ ပျင်းတယ်ဆိုရင် ခုလိုကွဲပြားခြားနားတဲ့ ဒီဇိုင်းလေးကို ရွေးချယ်ကြည့်စေချင်ပါတယ်။
၃။အပြောင်အလက်ဒီဇိုင်းတွေက ပွဲလန်းသဘင်နဲ့ ကွက်တိပါ။
ငွေမှုန်၊ ရွှေမှုန်လေးတွေကို ကိုယ့်လက်သည်းပေါ်မှာ အလှဆင်ခြင်းဟာ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်အ၀ရှိခြင်းကို ပြသရာရောက်တယ်လို့ မဂ္ဂဇင်းတွေမှာ ဖတ်ဖူးပါတယ်။ ဒါ့ကြောင့် အထာလည်းကျ၊ လှလည်းလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးတွေကို လက်လွတ်မခံပဲ အလှဆင်ကြည့်လိုက်ပါ။
၎။နှင်းပွင့်ရာသီမှာ နှင်းပွင့်လေးတွေနဲ့ အလှဆင်ပါ။
ဆောင်းရာသီနဲ့ နှင်းပွင့်ဆိုတာ ခွဲခြားလို့မရတာကြောင့် လက်သည်းပေါ်မှာ နှင်းပွင့်လေးတွေနဲ့ အလှဆင်ထားခြင်းမျိုးဟာ ကိုယ်ကိုယ်တိုင်ရော၊ ကြည့်ရသူတွေပါ စိတ်ပျော်ရွှင်မှုတစ်ခု ရရှိစေမှာပါ။
၅။ရိုးရိုးရှင်းရှင်း ဒီဇိုင်းတွေဟာ အဆန်းဆုံးပါ။
လက်သည်းအကြည်ရောင် nail coat တွေပေါ်မှာ စိန်မှုန်၊ ရွှေမှုန်လေးတွေနဲ့ အလှဆင်ခြင်းဟာလည်း ဘယ်တော့မှ ရိုးသွားမယ့်ဒီဇိုင်း မဟုတ်ပါဘူး။
Ref:seventeen.com