လက်သည်းခွံပုံစံတွေက ပြောပြတဲ့ သင့်အကြောင်း

fingernails-768x433.jpg

လက်သည်းခွံတွေကနေ ကျန်းမာရေးအခြေအနေ သိနိုင်သလို သူဘယ်လိုလူစားလဲဆိုတာကိုပါ သိနိုင်ပါတယ်။ လူတစ်ယောက်မှာ လက်သည်းဆိုတာ ဖွက်ထားလို့ မရစကောင်းတဲ့ အရာဆိုတော့ လက်သည်းကို ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ အကြမ်းဖျဉ်း စိတ်နေသဘောထားကို သိနိုင်ပါလိမ့်မယ်။

၁)ချွန်သော လက်သည်းခွံ

သင်ဟာ ရဲရင့်မယ်။ ယုံကြည်မှုရှိမယ်။ ကိုယ့်အယူအဆနဲ့ ထင်မြင်ချက်တွေပေးဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမယ့်သူ မဟုတ်ဘူး။ သူများရဲ့ အကြံဥာဏ်နဲ့ အမြင်တွေကိုလည်း တန်ဖိုးထားတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ခေါင်းမာပေမယ့် သင့်မှာ အမြဲ ကောင်းတဲ့ ရည်ရွယ်ချက်တစ်ခု ရှိတတ်တယ်။

၂)၀ိုင်းသော လက်သည်းခွံ

သင်ဟာ သာမန် လူတစ်ယောက် မမြင်တတ်တဲ့ သူတစ်ပါးရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။အမြဲတမ်း အေးအေးဆေးဆေး နေတတ်ပြီး မိတ်ဆွေတွေ ၊ မိသားစုဝင်တွေကြားထဲက ပဋိပက္ခတွေကို ဖြေရှင်းပေးတတ်တဲ့သူ ဖြစ်တဲ့အတွက် အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ အားကိုးမှုကို ခံရတဲ့သူ ဖြစ်ပါတယ်။

၃)အရင်းကျယ်သော လက်သည်းခွံ

သင်ဟာ အားလုံးနဲ့ အဆင်ပြေဖို့ အစွမ်းကုန် ကြိုးစားတတ်လို့ အများအားဖြင့် အောင်မြင်မှုရမယ်။ ဒါပေမဲ့ သည်းခံနိုင်စိတ်ရှိတယ်ဆိုတာ ကိုယ်ပိုင်ခံစားချက်မရှိဘူးလို့ ဆိုလိုတာ မဟုတ်တဲ့အတွက် သင်က အလွယ်တကူ ထိခိုက်ခံစားရတတ်ပါတယ်။ သူတစ်ပါး အကြိုက် နေရတာကို မကြိုက်သလို ဖြစ်လာပါလိမ့်မယ်။

၎)အဖျားကျယ်သော လက်သည်းခွံ

သင့်စိတ်ကို တသမတ်တည်း မှန်အောင်ထိန်းထားနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ရှည်လျား ငြီးငွေ့စရာ အလုပ်တွေလုပ်နေရလည်း ပြဿနာ မရှိတတ်ပေမဲ့ သူတစ်ပါးက ဆရာလုပ် အမိန့်ပေးလာ ရင်တော့ ငြိမ်ပြီးသည်းခံနေမယ့်သူတစ်ယောက်တော့ မဟုတ်ပါဘူး။

၅)လေးထောင့် လက်သည်းခွံ

သင်က ခေါင်းမာပေမဲ့ ကိုယ့်အလုပ်ကို အမြဲပြီးအောင်လုပ်တတ်သူပါ။သင်ရဲ့ တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကို ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ပါပေမဲ့ အားလုံးက သင်ပြောသမျှကို လေးစားလိုက်နာလေ့ရှိကြပါလိမ့်မယ်။

၆)လေးထောင့်မကျ အ၀ိုင်းမကျ လက်သည်းခွံ

သင်ဟာ စိတ်သဘောထား အလွန်ပွင့်လင်းပြီး ဖန်တီးနိုင်စွမ်း အရမ်းမြင့်မားတဲ့သူတစ်ယောက်ပါ။ အမြဲ စိတ်ကူးယဉ်တတ်ပြီး ကိန်းဂဏန်း တွေ ယုတ္တိဗေဒတွေပေါ်မှာ မှီခိုလွန်းတဲ့သူတွေနဲ့တော့ ဘယ်လိုမှ ဆက်ဆံရေး မပြေလည်နိုင်ပါဘူး။

၇) ဓားဦးချွန်လို သွယ်ပြီး ချွန်နေသော လက်သည်းခွံ

သင်ဟာ ဇီဇာကြောင်တတ်သူတစ်ယောက် ဖြစ်ပေမဲ့ သူတစ်ပါး အလုပ်ကို ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း ဝေဖန် အပြစ်ပြောလေ့မရှိပါဘူး ။ ဒါ့အပြင် အရမ်းကိုလည်း ယဉ်ကျေးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

၈)ဘဲဥပုံ လက်သည်းခွံ

သင်ဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အေးချမ်းစေပါတယ်။ သင်က သဘာဝတရား နဲ့ ပတ်ဝန်းကျင်ကို အရမ်း အလေးထားတတ်တယ်။ တက်ကြွပြီး အစဉ် သတိရှိသူတစ်ယောက် ဖြစ်ပါတယ်။

Ref:shefinds

150 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.