နဖူး အရစ်အကြောင်းများ ဖယ်ရှားချင်သလား

index.png

နှစ်တွေကြာလာတာနဲ့ အရစ်အကြောင်းများ နဖူးပေါ် အဖြစ်များလာနေခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပြသနာကို ဖြေရှင်းဖို့နဲ့ ရုပ်ရည် ပိုမိုနုပျိုစေဖို့ ပိုမိုလွယ်ကူသည့် နည်းလမ်းကို အမြဲရှာဖွေနေကြပါတယ်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးအများစုက မိမိရုပ်ရည်ပိုမို နုပျိုစေဖို့နဲ့ အရေပြား မတွန့်ရှုံ့အောင် တန်ဖိုးကြီး ခရင်မ်တွေသုံးကာ ကြိုးစားနေကြပါတယ်။

အချိန်နဲ့  ငွေကြေး သူတို့ သုံးစွဲခဲ့သည့်တိုင် ဒါဟာ အများစုအတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ဈေးနှုန်းသာသာ၊ လွယ်ကူပြီး ပိုမိုလျင်မြန်တဲ့ အရစ်အကြောင်းမဖြစ်အောင် ခုခံကာကွယ်ပေးမယ့် နည်းလမ်းလို့နေပါတယ်။ အတိအကျပြောရရင် မိမိဘာသာ ဖန်တီးပြုလုပ်နိုင်တဲ့ magic cream ဖြစ်ပြီး အရေးကြီးဆုံးအချက်က သဘာဝကျ၊ အကုန်အကျသက်သာပြီး ထိရောက်မှု ရှိခြင်းပင် ဖြစ်ပါတယ်။

ပြင်ဆင်ပုံပြင်ဆင်နုည်း

Vaseline အဆီပျစ် (non-petroleum နဲ့ ဆေးဆိုင်မှာ အသင့်ရနိုင် သို့မဟုတ် အုန်းဆီကို အသုံးပြုနိုင်) ထမင်းစားဇွန်း (၂) ဇွန်း ယူပြီး ရေနွေးငွေ့ဖြင့် အရည်ပျော်စေပါ။ နောက် သံလွင်ဆီ သို့မဟုတ် မက်မွန်ဆီ၊ ပျားရည် ဇွန်းသေး (၁) ဇွန်းနဲ့ ကြက်ဥအနှစ် (၁) လုံး ရောထည့်ပါ။

ပါဝင်ပစ္စည်း အားလုံးပေါင်းစပ်သွားပြီး တစ်သားတည်းဖြစ်သွားသည့်အထိ မိနစ်အနည်းငယ်အချိန်ယူ ရောသမမွှေပေးပါ။ ယင်း magic cream ကို မလိမ်းမီ နဖူးအရေပြား သန့်ရှင်းစေဖို့ လိုအပ်ပါတယ်။ နောက်ပြီး အရေပြားပေါ် သေချာစွာ အသာအယာ နှိပ်နယ် လိမ်းကျံပေးပြီး မိနစ် ၃၀ ထားပါ။ ပြီးနောက် အရေပြားကို ဂွမ်းသန့်သန့်လေး သန့်စင်ပေးရမှာ ဖြစ်ပါတယ်။

Ref:timefornaturalhealthcare
 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.