အအိပ်များလွန်းခြင်းနဲ့ နည်းလွန်းခြင်းတို့က ကိုယ်ဝန်ဆောင် အမျိုးသမီးများကြား ကိုယ်အလေးချိန်တက်တာမျိုးတွေ ဖြစ်စေနိုင်

pregnant-woman-asleep-thinkstock-2.jpg

ကိုယ်ဝန်ဆောင်နေစဉ်မှာ အအိပ်နည်းလွန်းခြင်းနဲ့ များလွန်းခြင်းနှစ်ခုလုံးက  အဝလွန်ခြင်းနဲ့ ပတ်သက်ဆက်နွယ်နေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် အိပ်ရေးပျက်တာ မကောင်းတဲ့ ကိုယ်ဝန်အကျိုးရလဒ်ဖြစ်ပွားခြင်းတို့နဲ့ ပတ်သက်ဆက်နွယ်လျက် ရှိကြောင်း အမေရိကနိုင်ငံ Pittsburgh တက္ကသိုလ် Magee- Womens Research Institute မှ သုတေသနပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Francesca Facco က ပြောဆိုခဲ့ပါတယ်။ ကျွန်ုပ်တို့ရှာဖွေတွေ့ရှိချက်က ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်ခြင်းနဲ့ ရလဒ်ဆိုးများဖြစ်ပွားခြင်းစေကြောင်း Facco က ထပ်မံပြောဆိုထားပါတယ်။

ယင်းလေ့လာမှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၅၂ ယောက် ပါဝင်ပြီး ယခင် ကိုယ်ဝန်မရှိခဲ့ဖူးတဲ့ အမျိုးသမီးများလည်း ဖြစ်ကြပါတယ်။ သူတို့ကို ဆက်တိုက် ၇ ရက် အိပ်စက်မှုအခြေအနေကို မှတ်တမ်းတင်ဖို့ရန်အတွက် actigraph လို့ခေါ်တဲ့ လူတွေ ပုံမှန်လည်ပတ်လုပ်ဆောင်မှု၊ အနားယူမှု စောင့်ကြည့်မှတ်သားပေးသော ကိရိယာတစ်ခု ဝတ်ဆင်စေခဲ့ပါတယ်။

ဆီးချိုနဲ့ သွေးတိုးရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုတော့ လေ့လာမှုမှာ မပါဝင်စေခဲ့ပါဘူး။

လေ့လာမှုပြုလုပ်တဲ့ ညများတလျောက် အိပ်စက်မှု ကြာမြင့်ချိန်ကို ပျှမ်းမျှ တွက်ချက်ခဲ့ပါတယ်။

အမျိုးသမီးအများစု (၇၄.၈ ရာခိုင်နှုန်း) မှာ အိပ်ချိန် ၇ နာရီကနေ ၉ နာရီရှိနေစဉ်မှာ ဒေတာအချက်အလက်က ကိုယ်ဝန်ဆောင်ချိန်မှာ ခဏလေးအိပ်တာနဲ့ အကြာကြီးအိပ်တာ နှစ်ခုလုံးက ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တက်မှုနဲ့ ဆက်စပ်နေကြောင်း ဖော်ပြခဲ့ပါတယ်။ 

Ref: Indianexpress

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.