ပေါင်ပေါ်တင်ပြီး laptop သုံးခြင်းက အန္တရာယ်ကင်းပါရဲ့လား

laptoponlap.jpg

လိုရာသယ်ဆောင်သွားနိုင်ပြီး အင်တာနက် မိတဲ့နေရာတိုင်းက သင့်ရဲ့ ရုံးခန်း ၊ စာသင်ခန်း ၊ အပန်းဖြေစခန်း တစ်ခုဖြစ်စေနိုင်တဲ့ ဒီနေ့ ခေတ်မှာ laptop တစ်လုံးက ကိုယ့် အတွက် ဘက်စုံသုံး ပစ္စည်းတစ်ခုလို ဖြစ်လာနေပါပြီ။ သင့်မှာ laptop တစ်လုံး ရှိမယ်ဆိုရင် အချိန်နေရာ ရွေးနေစရာ မလိုပဲ ပေါင်ပေါ်တင်ပြီး လွယ်လွယ်ကူကူနဲ့ အကြိမ်များစွာသုံးမိမှာ အမှန်ပါပဲ။ ဒီလို အသုံးပြုခြင်းက အန္တရာယ်ရှိစေနိုင်မလားလို့ သင်တွေးမိဖူးတယ်ဆိုရင် မှန်ပါတယ်လို့ ဆိုနိုင်ပါတယ်။

laptop ကြောင့် အရေပြား မီးကင်ရောဂါ(toasted skin syndrome) လို့ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်စေပါတယ်။ ကွန်ပျူတာကထွက်တဲ့ အပူနဲ့ ကြာရှည် ထိတွေ့မှုကြောင့် အရေပြား အရောင် ပျောက်သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အပူချိန် ၁၀၉.၄ ကနေ ၁၁၆.၆ ကြားရှိရင် လောင်ကျွမ်းမှု တစ်ခု ဖြစ်စေနိုင်ပါတယ်တဲ့။

ဒါ့ကြောင့် ကွန်ပျူတာက ထွက်တဲ့ အပူချိန်က ၁၁၂.၂ ရှိတဲ့ အတွက် အရေပြား မီးကင်ရောဂါ ခံစားရနိုင်ဖို့ အလားအလာများပါတယ်။ နောက်ထပ် အန္တရာယ်ပေးနိုင်တဲ့ရောဂါတစ်မျိုးကတော့ အရေပြားကင်ဆာ ဖြစ်ပါတယ်။ ပူနေတဲ့ laptop တစ်လုံးက ကင်ဆာ ဖြစ်စေနိုင်ရုံမက အရေပြားကိုလည်း ပျက်စီးစေပါတယ်။

laptop ကြောင့်ဖြစ်နိုင်တဲ့ အရေပြားရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ပေါင်နဲ့ laptop ကြားမှာ ကြားခံအဖြစ်တစ်ခုခုထားပြီးမှ သုံးတာမျိုး ၊ကိုယ့် ခန္ဓာကိုယ်နဲ့ လုံးဝ မထိနေစေဖို့ အတွက် laptop တင်တဲ့ ဒေါက်ခုံလေး  တစ်ခုပေါ်တင်ပြီးသုံးတာမျိုး ပြုသင့်ပါတယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

Ref:shefinds
 

2 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.