ဆံပင်မကျွတ်အောင် ထိန်းသိမ်းပေးတဲ့ မာလကာရွက်

20755727264d25569787993.jpg

မာလကာရွက်က ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များ သက်သေပြထားပါတယ်။ ဒီအရွက်က ဆံကေသာ ထိန်းသိမ်းပစ္စည်းတစ်ခုအဖြစ် အသုံးပြုပါက ဆံပင်ကျွတ်ခြင်းကို တားဆီးပေးနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက အခိုင်အမာပြောဆိုထားပါတယ်။

ဆံကေသာအတွက် အထူးကောင်းမွန်ရတဲ့ အဓိက အကြောင်းရင်းက မာလကာရွက်မှာ ဆံပင်ကျန်းမာသန်စွမ်းခြင်းနဲ့ ဖွံ့ဖြိုးမှုမှာ အရေးကြီးဆုံးဖြစ်တဲ့ ဗီတာမင်-ဘီ ပေါကြွယ်ဝခြင်းကြောင့် ဖြစ်ပါတယ်။

မာလကာရွက် လက်တစ်ဆုပ်စာကို ရေ ၁ လီတာနဲ့ မိနစ် ၂၀ ကြိုပြီး အခန်းအပူချိန်အတိုင်း အေးအောင် ထားရပါမယ်။

ယင်းမာလကာရွက်ကြိုရည်ကို ဆံပင်သန်ဆေးအနေနဲ့ ဦးရည်ပြားနဲ့ ဆံပင်အမြစ်တွေမှာ ပွတ်လိမ်းပေးနိုင်ပါတယ်။

အဲဒါနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ၂ နာရီကြာအောင်ထားပြီးနောက် ရေနဲ့ဆေးချပေးရပါမယ်။ ဒီနည်းအတိုင်း ထပ်ခါထပ်ခါ လုပ်ပေးနိုင်တယ်။ ညမှာ လုပ်မယ်ဆိုရင် Shower cap လေးဆောင်းပြီး အဲဒီအတိုင်း တစ်ညထားကာ နောက်နေ့ မနက် ခေါင်းလျှော်ပေးပါ။ ဒီဆံပင်သန်ဆေးနဲ့ ဦးရေပြားကို နှိပ်နယ်တဲ့အခါ ဆံပင်ကျွတ်ခြင်းကို ထိန်းသိမ်းပေးပြီး အမြစ်နဲ့ မွေးညင်းပေါင်ကို သန်မာစေမှာ ဖြစ်ပါတယ်။

Ref: womansvibe

763 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.