အိတ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ အလေးချိန်အသီးသီး

handbag.jpg

ကျွန်ုပ်တို့ အများစုက အိတ်ကို ကိုယ်နဲ့မကွာ အမြဲယူဆောင် သွားလာနေကြပါတယ်။ ပစ္စည်းတွေ သယ်ရပြုရတာ ပိုမိုလွယ်ကူချောမွေ့စေနိုင်ပေမယ့် ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို ဘာအကျိုးအမြတ်မှ မပေးပါ။ အရမ်းလေးလံတဲ့ အိတ်ကို သယ်ပြုနေရခြင်းက ကိုက်ခဲမှု၊ နာကျင်မှု၊ ညောင်းညာခြင်းနဲ့ ပွန်းပဲ့မှုတောင် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ အမျိုးသမီးတစ်ယောက်ရဲ့လက်ကိုင်အိတ်မှာ ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ဟာ ဘယ်လောက်လဲဆိုတာ ကျောရိုးနဲ့ အဆစ်အမြစ် အနေအထားကို ပြုပြင်ပေးသူတစ်ဦးဖြစ်တဲ့ Dr. Evelyn Haworth ကို မေးမြန်းထားတာက..

ပခုံးလွယ်အိတ်

ပခုံးမှာ ချိတ်ဆွဲထားတာပဲ ဖြစ်ဖြစ် သို့မဟုတ် ခန္ဓာကိုယ်မှာ ဟိုဘက် ဒီဘက် ဖြတ်လွယ်တာပဲ ဖြစ်ဖြစ် ပခုံးလွယ်အိတ်တစ်လုံးမှာ ရှိသင့်တဲ့ အများဆုံးအလေးချိန်က မိမိခန္ဓာကိုယ်ရဲ့ ၁၀% ဖြစ်ပါတယ်။ သင့်ကိုယ်အလေးချိန် ပေါင် ၄၀ ဆိုရင် အိတ်က ၁၄ ပေါင် ထက်မပိုသင့်ပါ။ ခန္ဓာကိုယ်တစ်ဖက်ခြမ်းမှာပဲ အမြဲတမ်း မလွယ်မိဖို့ သတိပြုပါ။

ကျောပိုးအိတ်

ကျန်းမာရေးကောင်းသူ ကျောပိုးအိတ်သုံးသူများအတွက် လမ်းညွန်ချက်က ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂၀% ထက်မပိုရ ဆိုတာပါ။ သို့သော် အိတ်ရဲ့ အောက်ဆုံးနေရာကို ခါးနဲ့ကွက်တိကျအောင်လုပ်ပြီး ခါးပတ်ကြိုးကို တပ်ဆင်ထားရပါမယ်။

လက်ကိုင်အိတ်

လက်ကိုင်ကွင်းကြိုးက ပခုံးအတွက် အရမ်းသေးလွန်းတာမို့ လက်ကိုင်အိတ်တွေကို ဖက်ရှင်အဖြစ် လက်မှာပဲ သယ်ပြုနေရပါတယ်။ ဒါလေးကိုတော့ ၁၀ ပေါင်အောက်ပဲ ထည့်ပါ။ ကုန်းကောက်ရမယ့် နေရာမှာမထားပဲ ခါးကုန်း ကောက်ယူစရာမလိုမယ့် စင် သို့မဟုတ် ကောင်တာတစ်ခုခုပေါ်မှာ တင်ထားပါ။

ပိုက်ဆံအိတ်

ကြိုးမပါတာကြောင့် လက်ထဲ သို့မဟုတ် ချိုင်းကြားမှာ ပွေ့ထားနေရပါလိမ့်မယ်။ ဒါ့ကြောင့် ၅ ပေါင်အောက်ပဲ ထည့်ပါ။ လက်ကောက်ဝတ်မှာ ချိတ်နိုင်တဲ့ ကြိုးတစ်ခုခုပါက ၅ ပေါင်ထက် ပိုထည့်ရင်တော့ ရတယ်။ အဲဒါကို လွှဲယမ်းခြင်းမပြုပါနဲ့။ လက်၊ လက်မောင်း၊ လက်ကောက်ဝတ်ကို ညှပ်မိသွားနိုင်ပါတယ်။ 

Ref: shefinds

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.