အောင်မြင်တဲ့ သရုပ်ဆောင်အနုပညာသည်ဘ၀ကို စိတ်လှုပ်ရှားရင်ခုန်စွာ ဖြတ်သန်းရင်း တစ်ဖက်ကလဲ သီချင်းတွေသီဆိုကာ ပရိသတ်အတွက်ပေးဆပ်နေတဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ အနုပညာအကြောင်းအရာတွေကတော့ ‘အခုဝိုင်းစု ဒါရိုက်တာသိန်းဟန်(ဖီးနစ်)ရိုက်ကူးတဲ့ ပျော်ရွှင်ခြင်းလက်ဆောင်ဆိုတဲ့ ကားကို ဖြိုးငွေစိုးနဲ့ရိုက်ကူးနေပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့ ဒရမ်မာ ဟာသလေးပါပဲ။’ လို့ သူမက ဆိုပါတယ်။ သူမရဲ့ အာဘွား တေးစီးရီးနဲ့ ပတ်သတ်ပြီး တော့ပရိသတ်အတွက် အကောင်းဆုံးကြိုးစားနေသလို ၂၀၁၄ ဇန်န၀ါရီလတွင် စုံတွဲ တေးစီးရီး တစ်ခွေထွက်ရှိဖို့ ပြင်ဆင်နေပြီး ပြည်ပခရီးစဉ်များအနေနဲ့ ကိုရီးယားနဲ့ သြစတေးလျနိုင်ငံတွေကို သွားရောက် ဖျော်ဖြေမှာဖြစ်ကြောင်းသိရသည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။