ဒီပစ္စည်း ၂ ခုကို နှစ်ရက် ဆက်တိုက် ဘာကြောင့် မဝတ်ဆင်သင့်သလဲ ဆိုတာ

twodaysinarow.jpg

တစ်ကိုယ်ရေသန့်ရှင်းမှု ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အဝတ်အစား တစ်စုံတည်း နေ့တိုင်းဝတ်ဆင်ခြင်းဟာ ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ပါဘူး။ ဖက်ရှင်ရှုထောင့်ဘက်ကနေ ဆိုရင်လည်း အများစုက ဒါကို ဝတ်စားဆင်ယင်မှု မတတ်ခြင်းလို့ မြင်ကြပါတယ်။ အများဆုံးတစ်ရက်တည်းပဲ ဝတ်ဆင်သင့်တဲ့ ပစ္စည်း (၂) ခု ရှိပါတယ်။

ဘရာစီယာ

အမျိုးသမီးတွေ ဒါကို သိမသိတော့ သေချာမသိပေမယ့် ဘရာစီယာကို ရက်ဆက်ပြီး မဝတ်သင့်ပါ။ ဘရာစီယာကို အနည်းဆုံး တစ်ရက်ခြားဝတ်ပေးဖို့ လိုအပ်ပါတယ်။ ဘရာစီယာတစ်ထည်ကို တစ်နေကုန်တစ်နေခန်း ဝတ်ဆင်ပြီးနောက် ကြိုးတွေ ဆန့်ထွက်လာတာကြောင့် နဂိုအနေအထားပြန်ဖြစ်ဖို့ သူ့မှာ အချိန်လိုအပ်ပါတယ်။ ဘရာစီယာတစ်ခုတည်းကို နေ့တိုင်း ဝတ်ဆင်ပါက နောက်ဘက်ကနေ တင်းကျပ်စေအောင်ဆွဲဖို့ မဖြစ်နိုင်တော့ဘဲ ခဏအတွင်း ဆန့်ကားသွားပါလိမ့်မယ်။ မတူတဲ့ ဘရာစီယာကို နေ့တိုင်း တစ်လှည့်စီ ပြောင်းဝတ်ပါ။

ရှိုးဖိနပ်

ရှိတဲ့ ရှိုးဖိနပ်တစ်ရံတည်းကို မပျက်မချင်း ဆက်တိုက် စီးတဲ့လူ မြောက်များစွာ ရှိပါတယ်။ ဒါပေမယ့် ရှိုးဖိနပ်တစ်ရံတည်း နေ့တိုင်း မစီးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဘရာစီယာကဲ့သို့ပဲ ရှိုးဖိနပ်မှာ အနားယူမယ့်အချိန်ဆိုတာ လိုအပ်ပါတယ်။ ရှိုးဖိနပ် တစ်ရံတည်း သို့မဟုတ် စတိုင်တစ်မျိုးတည်း နေ့တိုင်း စီးခြင်းဖြင့် ခြေရင်းတစ်နေရာတည်းကိုပဲ အထပ်ထပ်အခါခါ ဖိထားခံနေရတယ်လို့ အခြေဖဝါးနာ အထူးကု ဆရာဝန် Jaleh Hoofar ဆိုသူက ပြောဆိုခဲ့ပါတယ်။ 

Ref: shefinds

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.