လက်ထပ်ဖို့အတွက် မစေ့စပ်ခင် စုံတွဲတွေ လုပ်မိနေကြတဲ့ အမှား (၄) ခု

mistakescouplesmake.jpg

တကယ်တော့ လက်ထပ်ဖို့အတွက် စေ့စပ်တယ်ဆိုတာ ဘဝမှာ စိတ်အလှုပ်ရှားဆုံးအချိန်တွေထဲက တစ်ခုအပါအဝင် ဖြစ်မှာပါ။ သို့သော် ချစ်သူ စုံတွဲဆက်ဆံရေးနဲ့ ဆွေးနွေးပြောဆိုမှုဆိုင်ရာ ကိစ္စရပ် အားလုံး ကျွန်ုပ်တို့ မေ့နေလေ့ ရှိပါတယ်။ ဒီအချက်က ပြဿနာအကြီးအကျယ်ဖြစ်စေနိုင်တဲ့ အမှားလေးတွေ မကြာခဏဖြစ်ပေါ်စေပါတယ်။ အဲဒါကို ကျွန်ုပ်တို့ မဖြစ်စေလိုပါ။ လက်ထပ်ဖို့အတွက် စေ့စပ်မှုမလုပ်ခင် စုံတွဲတွေ လုပ်မိနေကြတဲ့ အဖြစ်များဆုံး အမှားများမှာတော့

၁။ စိတ်တူကိုယ်တူမရှိခြင်း

ကိုယ်ပိုင် ဝါသနာ၊ စိတ်ဝင်စားမှုတွေ ဘာမှမရှိဘူးဆိုရင် ကိုယ့်ဒုက္ခ ကိုယ်ပဲ ဖန်တီးနေတာ ဖြစ်ပါတယ်။ မိမိမှာ ရှိသင့်တဲ့ အရေးကြီးဆုံး ချစ်သူစုံတွဲဆက်ဆံရေးက ကိုယ်နဲ့ ဝါသနာတူသူ တစ်ယောက် ဖြစ်ပါတယ်။ အားလပ်သည့် အချိန်တိုင်း မိမိလက်တွဲဖော်နဲ့ အတူ အချိန်ကုန်ဆုံးစေပြီး ကိုယ်ဟာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်ကို နားလည်သဘောပေါက်ဖို့ အချိန်မယူပါက မိမိတန်ဖိုး၊ ရည်မှန်းချက် များကို ဘယ်လို ဝေမျှသိစေနိုင်ပါမလဲ။

၂။ အိမ်ထောင်ပြုရသည့် အကြောင်းအရင်း မှားယွင်းခြင်း

သူငယ်ချင်းတွေအားလုံး အိမ်ထောင်ကျသွားကြပြီး ကိုယ်က အနောက်ကျဆုံး ဖြစ်ရင် မကျေမနပ် ဒေါသဖြစ်နေပါလိမ့်မယ်။ သင်သိတဲ့ အိမ်ထောင်သည် အများစုထက်စာရင် သမီးရည်းစားအဖြစ် ပိုမိုကြာရှည် လက်တွဲ နေခဲ့လိမ့်ပါမယ်။ သင့်လက်တွဲဖော်က ငွေရေးကြေးရေး အဆင်ပြေပြီး သင်က ခက်ခဲနေမယ်။ သင့်အချစ်ရေးကြောင့် ပျော်ရွှင်မှုမရှိပေမယ့် သင်ဟာ အချိန်းချက်ပြန်လုပ်ဖို့ ပျင်းရိနေပါတယ်။

၃။ ရေရှည်ရည်မှန်းချက်တွေ မဆွေးနွေးဖြစ်ခြင်း

မိမိရဲ့ ရှေ့ရေးအစီအစဉ်တွေ အတူပြောဆိုဆွေးနွေးမှု မလုပ်ခဲ့ပါက အရင်ဆွေးနွေးတိုင်ပင် သင့်ပါတယ်။ တစ်ဦးတည်းအနေနဲ့ပဲ ဖြစ်ဖြစ်၊ စုံတွဲအနေနဲ့ပဲ ဖြစ်ဖြစ် ရည်မှန်းချက်ပန်းတိုင်ရှိဖို့ လိုအပ်ပါတယ်။ ရည်မှန်းချက်ရှိခြင်းက အလုပ်ဆက်လက် လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှုပေးရုံမက အချစ်ရေးကိုပါ ပိုအလေးထားစေပါတယ်။ ဒီတော့ အတူမျှော်လင့်စောင့်စားရမယ့် အရာတွေ ပိုင်ဆိုင်လာပါတယ်။

၎။ မင်္ဂလာဆောင်ဖို့ စိတ်လောနေခြင်း

ချစ်သူစုံတွဲတွေ ပြုမိကြတဲ့ အတွေ့များဆုံး အမှားများထဲမှ တစ်ခုက လက်တွေ့ဘဝကို ဖုံးအုပ်ထားပြီး မင်္ဂလာပွဲကို စီစဉ်ဆောင်ရွက်စေခြင်းဖြစ်ပါတယ်။

 

Ref:shefinds

 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.