အိန္ဒိယ သိပ္ပံပညာရှင်များမှ ဖော်ထုတ်လိုက်တဲ့ ကွမ်းရွက်ရဲ့ ကျန်းမာရေး လျို့ဝှက်ချက်

bettel-leaf-img.jpg

University of Calcutta and Indian Institute of Chemical Biology က သိပ္ပံပညာရှင်များက ကွမ်းရွက် အမျိုးအစား (၉) မျိုးကို စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ပြီး ယောင်ကိုင်းမှု လျော့ကျစေနိုင်တဲ့ဟာတွေ ရွေးထုတ်ခဲ့ကြပါတယ်။

အိန္ဒိယအစားအသောက်ဆိုင်ရာ မှတ်တမ်းမျာမှာ ကွမ်းရွက်ရဲ့ ကျန်းမာရေး အာနိသင်များနဲ့ အကျိုးသက်ရောက်မှုများအကြောင်း ဖော်ပြထားကြပါတယ်။

Paan လို့ ခေါ်တဲ့ ကွမ်းရွက်ကို အမျိုးအစားတစ်ခုလို့ လူတွေ ယေဘုယျ သတ်မှတ်ထားကြပြီး တချို့အမျိုးအစားများက ရေရှည်မှာ လူကို အန္တရာယ်ဖြစ်စေနိုင်တာကို သူတို့မသိရှိကြဘူးလို့ ယင်းတက္ကသိုလ်ရဲ့ Immunology and Regenerative Medicine Research Laboratory မှ Ena Ray Banerjee က IANS ကို ပြောပြခဲ့ပါတယ်။

အမျိုးအစား ၉ ခုအနက် ၅ ခုမှာ ယောင်ကိုင်းမှုကို ကာကွယ်ပေးတဲ့ အာနိသင်တွေ ပြသပါတယ်။ ၁ ခုက ရောင်ရမ်းမှု ဖြစ်စေတဲ့ဘက် ပိုယိမ်းပြီး ၃ ခုက ရောင်ကိုင်းမှုကာကွယ်ပေးနိုင်စွမ်း သိသိသာသာ မပြသခဲ့ဘူးလို့ ဆိုပါတယ်။

ယင်းရှာဖွေတွေ့ရှိချက်များက အရောင်ကျစေတဲ့ ဆေးဝါးသစ် တီထွင်ဖန်တီးစေနိုင်မယ့် အခွင့်အလမ်းကို ရရှိစေလိမ့်မယ်လို့ ဆိုပါတယ်။

နာကျင်ကိုက်ခဲမှု၊ ပွန်းပဲ့ခြင်း သို့မဟုတ် ဖောယောင်ခြင်းစသဖြင့် ယောင်ကိုင်းမှုဖြစ်ခြင်းက အရေးပါတဲ့ ခုခံအားတုံ့ပြန်မှုတွေဖြစ်ပါတယ်။ အရွက်စိမ်းများဖြင့် ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ ရောင်ကိုင်းမှုကို ထိန်းချုပ်ပြီး ရောဂါတွေ ဟန့်တားပေးနိုင်စွမ်း ရှိကြပါတယ်။

မြေဆီလွှာနဲ့ အာဟာရ အနေအထား၊ ရာသီဥတုနဲ့ စိုက်ပျိုးမှုပုံစံတွေက အရွက်မှာရှိတဲ့ လုပ်ဆောင်မှုအခန်းကဏ္ဍကို အကျိုးသက်ရောက်စေတယ်လို့ Banerjee က ပြောဆိုခဲ့ပါတယ်။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.