တော်တော် ဆိုးတဲ့ ယောက်ျား

gabriel-villa-cristina-carta-villa-secret-divorce.jpeg

အမျိုးသမီးတစ်ယောက်က အိမ်ထောင်သက် အနှစ် ၂၀ ကျော်ကြာပြီးမှ တစ်ဖက်သတ် ကွာရှင်းခံထားရတာကို သိရှိခဲ့ရပါတယ်ဆိုရင်…

Cristina Carta Villa နဲ့ Gabriel Villa တို့က အိမ်ထောင်သက် နှစ်၂၀ အတွင်း နယူးယော့ခ် နဲ့ ပြင်သစ်မှာ ရှိတဲ့ အိမ်တွေမှာ ချမ်းချမ်းသာသာနဲ့ နေထိုင်ခဲ့ကြပါပြီး သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။
ဒါပေမဲ့ Gabriel မှာ လျှို့ဝှက်ချက် တစ်ခုရှိခဲ့ပါတယ်။

သူက Cristina နဲ့ လက်ထပ်ပြီး လေးလ အကြာမှာပဲ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် တိတ်တဆိတ် ကွာရှင်းထားခဲ့ပါတယ်။ သူက သူတို့ နေထိုင်ခြင်းမရှိုတဲ့ ဒိုမီနီကန် နိုင်ငံတရားရုံးမှာ နှစ်ဘက်စလုံးကို ကိုယ်စားပြုတဲ့သူတွေ အဖြစ် စီစဉ်ပြီး Criatina နဲ့ သဘောချင်း မတိုက်ဆိုင်တဲ့ အတွက် ကွာရှင်းရခြင်း ဖြစ်ကြောင်း အာဏာပိုင်တွေကို တင်ပြခဲ့ပါတယ်။

"သူက အရမ်း ဆွဲဆောင်မှု ရှိပါတယ်။ ကျွန်မတို့ အသက်ချင်းကွာခြားပေမဲ့ မြင်မြင်ချင်း ချစ်ခဲ့ကြတာပါ ။အခုထိလည်း ချစ်နေတုန်းပါပဲ လို့ အသက် ၅၉ နှစ် အရွယ် Cristina က ပြောပြခဲ့ပါတယ်။

သူက အသက် ၉၀ ရှိနေပြီ ဖြစ်တဲ့ ခင်ပွန်းကို ဆေးရုံတက်နေစဉ်မှာလည်း အရမ်းကို ဂရုစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလမှာ သူတို့ရဲ့ မင်ဟတ်တန်က အိမ်အတွက် အခွန် ပြေစာရောက်လာတဲ့အချိန်မှာ သူ့ နာမည်မပါတဲ့အတွက် စုံစမ်းကြည့်တဲ့ အခါမှ ကွာရှင်းမှုကို သက်သေပြပြီး ပိုင်ရှင် အမည်မှ ဖယ်ထားတာကို သိရှိခဲ့ရပါတယ်။ သူက အခုတော့ သူ့ကို အသိမပေးဘဲ တစ်ဖက်သတ် ကွာရှင်းထားမှုကြောင့် ခင်ပွန်းဖြစ်သူကို တရားဆွဲတော့မှာပါ။

ကျွန်မ အခုတော့ သဘောပေါက်သွားပြီ။ ကျွန်မတို့ အိမ်ထောင်သက် တလျှောက်လုံး ပျော်ခဲ့ရတဲ့ ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်မှာ ကျွန်မ ခင်ပွန်းရဲ့ လိမ်ညာ ကွာရှင်းမှုကြီးက ရှိနေခဲ့တဲ့ အတွက် အစစ်အမှန် ပျော်ရွှင်ခဲ့ရတာ မဟုတ်တော့ပါဘူး ။ဒါက ကျွန်မ အတွက် အနာကျင်ရဆုံး အရာပါပဲလို့  ပြောခဲ့ပါတယ်။

Ref:sheknows

35 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.