ဆောင်းရာသီမှာ မှိုတွေ ဘာကြောင့် စားပေးသင့်သလဲ

index.jpeg

ဆောင်းရာသီအတောအတွင်း ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ vitamin D ချို့တဲ့မှု ရင်ဆိုင်နေရပြီး လူတွေ အိမ်ပြင်သိပ် မထွက်ကြတာကြောင့် ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပေါ်စေပါတယ်။ တခြားအရေးကြီး ဗီတာမင်ဓာတ်အများစုကို သဘာဝ အစားအသောက်တွေမှာ တွေ့နိုင်ပြီး အဲဒီအရာတွေကို စားသုံးပေးခြင်းက ကျွန်ုပ်တို့ လိုအပ်ချက်တွေကို ဖြည့်သွင်းပေးပါတယ်။

မကြာသေးမီ သုတေသနပြုချက်များက မှိုတွေမှာ vitamin D လွန်စွာကြွယ်ဝပြီး ဆောင်းရာသီအချိန်မှာ နေရောင်ခြည်ဓာတ်ကို အစားထိုးစားပေးနိုင်ပါတယ်။ လူတွေမှာလို မှိုတွေက vitamin D ဓာတ်ကို သဘာဝအလျောက်  ထောက်ပံ့ပေးပြီး လူ့ခန္ဓာကိုယ် အတွက် အရမ်းအကျိုးပြုနိုင်ပါတယ်။

ဈေးဆိုင်ကနေ ဝယ်တဲ့ မှို ၁၀၀ ဂရမ်မှာ ဗီတာမင်-ဒီ 2.3 mcg ပါဝင်ပါတယ်။ နေစဉ်စားသုံးသင့်သည့် ပမာဏရဲ့ ၂၃% ရှိဖြစ်ပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ နေရောင်ခြည်နဲ့ အနည်းငယ်ထိတွေ့ပေးပါက ပိုများလာနိုင်ပါတယ်။ မှိုတွေကို နေရောင်နဲ့ နာရီနဲ့ချီ ထိတွေ့စေပါက ၁၀၀ ဂရမ်မှာ vitamin D 10mcg ပမာဏ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ မှိုဟာ အထူးကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ မကြာမကြာ စားပေးပါ။

Ref:healthyfoodstar

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.