Turkish Airlines Open ဂေါက်ရိုက်ပြိုင်ပွဲတွင် ပြင်သစ်ဂေါက်ရိုက်သမား ဗစ်တာဒက်ဘစ်ဆန်ဗိုလ်စွဲ

news_d1.jpg

တူရကီနိုင်ငံ၊ အန်တယ်လေယာမြို့တွင် ကျင်းပပြုလုပ်ခဲ့သော Turkish Airlines Open ဂေါက်ရိုက်ပြိုင်ပွဲတွင် ပြင်သစ်နိုင်ငံသား ဗစ်တာဒက်ဘစ်ဆန်က စုစုပေါင်းရိုက်ချက် (၂၆၄)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၂၄) ချက်လျော့ရိုက်ကာ ဗိုလ်စွဲသွားခဲ့သည်။ ဗစ်တာမှ အဆိုပါပြိုင်ပွဲမှ နာမည်ကျော် ဂေါက်ရိုက်သမားများဖြစ်ကြ သော တိုက်ဂါးဝုဒ်၊ အီယန်ပေါ်လ်တာ၊ ဂျက်စတင်ရို့စ်နှင့်ဟင်းနရစ်ဂျန်ဆန်တို့ကို ကျော်ဖြတ်ကာ ဆုဖလား ကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ “ ကျွန်တော်အရမ်းပျော်ရွှင်နေမိပါတယ်။ အစပိုင်းမှာ အတော်လေးရုန်းကန်နေခဲ့ ရပါတယ်။ နောက်ပိုင်းမှာ ရိုက်ချက်တွေပြန်ကောင်းလာခဲ့ပြီး ချန်ပီယံဖြစ်ခွင့်ရခဲ့တာပါ”ဟု ချန်ပီယံဆုဖလား ကို ရရှိခဲ့သည့် ပြင်သစ်နိုင်ငံသားကပြောခဲ့သည်။ Turkish Airlines Open ပြိုင်ပွဲအား ဗိုလ်စွဲခဲ့ခြင်းမှာ ဗစ်တာအ တွက် ပရော်ဖက်ရှင်နယ်ဂေါက်ရိုက်သမားဘ၀ ပထမဆုံးသောအောင်ပွဲပင်ဖြစ်သည်။ ဗစ်တာမှာ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်သမားအဖြစ် ကူးပြောင်းလာခဲ့သူဖြစ်သည်။

Turkish Airlines Open ပြိုင်ပွဲအား လူစိတ်ဝင်စားမှုများစေရန်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တိုက် ဂါးဝုဒ်အား သံတမန်အဖြစ် ခန့်အပ်ကာ အရောင်းမြှင့်တင်ရေး အစီအစဉ်များကို ပြိုင်ပွဲမစတင်ခင်တွင်ပြုလုပ် ခဲ့သေးသည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.