အဆီကျပြီး အသားရေ ကျစ်လစ်စေမယ့် သခွားသီးဖျော်ရည်

add-this-ingredient-in-your-water-and-get-rid-of-cellulite-and-the-extra-pounds.jpg

ပုံမှန် သခွားသီးတစ်လုံးမှာ ကယ်လိုရီ ၅၀ ရှိနေစဉ် ရေမှာ ကယ်လိုရီ လုံးဝ မပါဝင်ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့်လဲ သကြား၊ ဆေးသကြား၊ အနံ့အသက် ပိုမိုကောင်းမွန်စေတဲ့ အရာတွေ ပါဝင်တဲ့ စတိုးဆိုင်မှာ ဝယ်လို့ရတဲ့ အချိုရည် သို့မဟုတ် ရနံ့သတ်ထားတဲ့ ရေထက် ဒီဖျော်ရည်က ပိုမိုကောင်းမွန်နေတာ  ဖြစ်ပါတယ်။

ထို့အပြင် သခွားသီးရည်က ဆာလောင်မှုကို လျော့ကျစေကာ ကိုယ်အလေးချိန်မတက်အောင် ကာကွယ်ပေးပါတယ်။ ဒီရေက အင်တီအောက်စီးဒင်းနဲ့ ဗီတာမင်တွေ ပေါကြွယ်ဝပါတယ်။ ဒါ့ကြောင့် အသားအရေအတွက် အထူးကောင်းမွန်နေခြင်း ဖြစ်ပါတယ်။

သခွားသီး (၁) လုံး၊ ရေ (၂) လီတာနဲ့ ကရား (၁) လုံးသာလျှင် လိုအပ်ပါတယ်။ သခွားသီးကို သေချာဆေးကြော သန့်စင်ပြီး အဝိုင်းလိုက် ပါးပါးလှီးပါ။ နောက် ကရားကို ရေဖြည့်ပြီး သခွားသီး ရောထည့်လိုက်ပါ။

မသောက်ခင်စပ်ကြား နာရီအနည်းငယ်ကြာအောင် ထားရပါမယ်။ ဆန္ဒရှိပါက သံပုယိုသီး သို့မဟုတ် သံပုရာသီး ထည့်ပေးနိုင်ပါတယ်။ 

Ref: Jewsnews  

45 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.