ရေနံဆီဖြင့်ပြုလုပ်တဲ့ ဖယောင်းတိုင် (paraffin candles) များက အသက်ရှူမှုပြသနာ၊ ခေါင်းကိုက်ဝေဒနာနဲ့ ကင်ဆာရောဂါပါ ဖြစ်စေနိုင်

silent-danger-in-your-home-more-toxic-than-cigarettes-and-cause-respiratory-problems-headaches-and-even-cancer-use-this-instead.jpg

ဖယောင်းတိုင် အများစုမှာ ရေနံဆီ သို့မဟုတ် ရေနံဆီ အရောအနှော ပါဝင်နေတတ်ပါတယ်။ ရေနံဆီက ဈေးနှုန်း အရမ်းသက်သာတာကြောင့် ကုမ္ပဏီများက အသုံးပြုချင်ကြပါတယ်။

ပန်းနာရောဂါ ခံစားသူတွေက ရေနံဆီဖြင့်ပြုလုပ်တဲ့ ဖယောင်း (paraffin candles) ထွန်းထားတဲ့နေရာမှာ အသက်ရှူပြဿနာ ပိုခံစားကြရပါတယ်။ ဒါဟာ သူတို့အတွက် ဆေးလိပ် မီးခိုးတဆင့် ရှူမိသူကဲ့သို့ အမှန်တကယ် အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ပျော်ဝင်တဲ့ ရေနံဆီမှာ ဒီဇယ်အင်ဂျင်တစ်လုံးကဲ့သို့ အခိုးအငွေ့ ထွက်တာချင်း အတူတူ ဖြစ်ပါတယ်။ car carcinogenic ခေါ် ကင်ဆာရောဂါ ဖြစ်စေသော ဓာတုပစ္စည်းတွေ လေထုထဲ ပျံ့နှံ့စေပါတယ်။ Benzene နဲ့ toluene ကဲ့သို့ ကင်ဆာရောဂါ ဖြစ်စေတဲ့အရာကို ရေနံချေးအရည်ပျော်မှုကနေ တဆင့် လေထုထဲ ပျံ့နှံ့ရောက်ရှိပြီး ခေါင်းကိုက်ဝေဒနာနဲ့ အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

National Institute for Occupational Safety and Health က ရေနံဖောင်းအခိုးအငွေ့များနဲ့ မထိမှုမရှိစေဖို့ အကြံပြုထားပါတယ်။ သုတေသနပညာရှင်တချို့က ရေနံဆီ အခိုးအငွေ့က ကျောက်ကပ်နဲ့ အသည်း အကြိတ်ရောဂါ ဖြစ်စေကြောင်း ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။

Paraffin candle တွေမှာ acetone၊ Trichlorofluoromethane ၊ Carbon Disulfide၊ 2-Butanone၊ Trichloroethane၊ Trichloroethene၊  Carbon Tetrachloride၊ Tetrachloroethene၊ Chlorobenzene၊ Ethylbenzene၊ Styrene၊ Xylene၊ Phenol၊ Cresol နဲ့ Cyclopentene စတဲ့ အဆိပ်အမျိုးအစားပေါင်း ၂၀ ဝန်းကျင် ပါဝင်ပါတယ်။

ဒီ့အပြင် ဖယောင်းတိုင်တွေမှာ လူကိုယ်တိုင် ဖန်တီးပြုလုပ်တဲ့ အနံ့အသက်နဲ့ အရောင်အဆင်းတို့က ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။

Paraffin candle ထက် ဝယ်သင့်တာလေးတွေက

Soy candles

ဒီယောင်းတိုင်များက paraffin candle နေရာကို အစားထိုးလာပြီး အရမ်းလူသိများပါတယ်။ Soy candle က အခိုးအငွေ့ကင်းစင်ပြီး paraffin candle များထက် ပိုအထွန်းခံတယ်။ နောက်ပြီး မီးခိုးစွဲခြင်းလည်း မရှိပါဘူး။ ဒီဖယောင်းတိုင်ရဲ့ အားနည်းချက်က ပျက်စီးလွယ်တယ်။ မကြာခဏ အရောင်ကျွတ်ပြီး မာတောင့်နေခြင်းပါပဲ။

ပျားဖယောင်း ဖယောင်းတိုင် (Beeswax candles)

Beeswax candle ကို ပုံစံမျိုးစုံ၊ ဆိုဒ်မျိုးစုံဖြင့် တွေ့နိုင်ပြီး ပုံသွင်းထားတာရှိသလို container ဖြင့် ပြုလုပ်ထားတာလည်း ရှိပါတယ်။

အဆိပ်မရှိဘဲ အခိုးထွက် ကင်းပါတယ်။ ဓာတ်မတည့်မှုမရှိ၊ အလင်းပေးမှု အားကောင်းပြီး paraffin candle ထက် ၅ဆ ပိုအထွန်းခံပါတယ်။ ဒါပေမယ့် ထွန်းလိုက်တဲ့အခါ သူက လေထဲ မကောင်းတဲ့ အိုင်ယွန်အဖြစ် ပြောင်းလဲကာ ခန္ဓကိုယ် နိုးကြားစေပါတယ်။ 

Ref: womansvibe

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.